မေ-၁၃၊၂၀၂၅။ကဖေး/People’s Spring
စစ်ကောင်စီက အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။
ဒီပဲယင်းမြို့နယ်၊ ခေါင်းစုရွာမှ ဘုန်းကြီးကျောင်းအနီးကို ည ၁၁နာရီ ၄၅မိနစ်ခန့်၌ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု ဒေသခံတစ်ဦးကပြောသည်။
“တောကျောင်းလေးရဲ့ အနောက်ဘက်ကို ကြဲတာ။ လယ်ကွင်းစပ်ကိုကျတယ်။ လူထိတာမရှိခဲ့ဘူးဗျ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
ထိုအပြင် ည၁၀နာရီ၃ဝမိနစ်ခန့်တွင်မန်တုံမြို့နယ် ရှုကောရွာကို လေယာဉ်ဖြင့် ဗုံးကြဲကြောင်း သတင်းရရှိသည်။ မန်တုံမြို့နယ်သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အပြည့်အဝ ထိန်းချုပ်ထားသည်။ဗုံးကြဲမှုကြောင့် ထိခိုက်မှုကို မသိရသေးပေ။ စစ်ကောင်စီသည် မေ ၁၂ရက်နေ့ည ၇နာရီ ၄၀မိနစ်ခန့်ကလည်း TNLA ထိန်းချုပ်ဒေသ မိုင်းငေါ့မြို့နယ်ခွဲကို ဗုံးနှစ်လုံးကြဲချခဲ့သေးသည်။
မေလ ၁၂ရက် နံနက်ပိုင်းတွင်အိုးထိန်းတွင်းရွာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှုတွင်G-2မှ G 11ကြားကျောင်းသူ ၁၅ဦး၊ ကျောင်းသားငါးဦးနှင့် ဆရာမနှစ်ဦးသေဆုံးခဲ့ပြီး ၄၀ခန့် ဒဏ်ရာရခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီကမူ ၎င်းတို့ကျူးလွန်ဘဲ သတင်းအမှာဖြစ်ကြောင်းလိမ်လည်ထုတ်ပြန်ထားသည်။
NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနကလည်း စာသင်ကျောင်းဗုံးကြဲမှုတွင် အမိန့်ပေးသူများ ၊ ကာယကံမြောက်ကျူးလွန်သူများ၊ပူးပေါင်းပါဝင်သူအားလုံးကို ထိုက်ထိုက်တန်တန်အရေးယူအပစ်ပေးမည်ဟုထုတ်ပြန်သည်။မည်သည့်အကြောင်းကြောင်းကြောင့် မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကြေမည်မဟုတ်ဘဲ ပြင်းထန်စွာအပြစ်ပေးအရေးယူနိုင်ရေးစုံစမ်းရှာဖွေဖော်ထုတ်မည်ဟု NUG ကဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုကို၎င်းတို့မလုပ်ကြောင်းစစ်ကောင်စီက ငြင်းဆန်ထားပြီး ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီလိမ်လည်ထုတ်ပြန်ခြင်းဟု ပြောသည်။
အိုးထိန်းတွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရမှုသည် ”မေ့ပျောက်ခွင့်လွှင့်ခြင်းအလျဥ်း မရှိစေရ” ဟု သစ္စာအဓိဌာန်ပြုကြောင်’ စစ်ကိုင်းဖိုရမ်က ကြေညာချက်ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ မေလကုန်အထိ အပစ်ရပ် ကြေညာထားသည် ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းနေ့စဥ် ဗုံးကြဲနေရာ မေလ ၁၂ ရက်နေ့တစ်နေ့တည်းတွင် စစ်ကိုင်းတိုင်းမှ ဒီပဲယင်း၊ ချောင်းဦးနှင့် အင်းတော်မြို့နယ်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်ခွဲ စသည်တို့ကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။
