close
Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ် ဝင်တိုက်

တနင်္သာတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်တိုက်နယ် မင်းသားကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ယနေ့(ဧပြီ ၂၅) အသိပေးထုတ်ပြန်သည်။

ရေဖြူမြို့နယ်အတွင်း စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ဓာတ်ပုံ - KBDF

ဧပြီ၂၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်တိုက်နယ် မင်းသားကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ယနေ့(ဧပြီ ၂၅) အသိပေးထုတ်ပြန်သည်။

ဧပြီ၂၀ ရက် နံနက် ၇ နာရီ ၃၆ မိနစ်မှ ၈ နာရီ ၃၀ မိနစ်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူစစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးမဟာ မိတ်တပ်ဖွဲ့များမှ ရဲဘော်သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

“တိုက်ပွဲဖြစ်တဲ့နေ့က ရွာထဲကို လက်နက်ကြီးတွေ အများကြီးပစ်ထည့်တယ်။ ရေတပ်ကနေ ရွာထဲလက်နက်ကြီး ပစ်ခတ်တာတွေတောက်လျှောက်လုပ်ဆောင်နေတာတွေ ရှိခဲ့ပါတယ်”ဟု စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်သည့်နေက အခြေအနေကို ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ကံပေါက်တိုက်နယ်တွင် ပြည်သူ့စစ်(ပသစ)၊ ပျူစောထီးပူးပေါင်းအင်အား ၄၀ ခန့်ရှိရာ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်မှ အင်အား ၁၂၀ ခန့်တိုးချဲ့ချထားကြောင်း ဒေသအခြေစိုက် ဒေါနတပ်ရင်းစစ်ကြောင်း -၃ (KBDF)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“အခုချိန်ထိက စစ်ရေးက တင်းမာဆဲပါဗျ။ မနေ့ညကထိ လက်နက်ကြီးနဲ့ ပစ်နေတုန်းပါ။ စကစ ရေတပ်(မောရဝတီရေတပ်စခန်း)ပါ”ဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုကို ဒေါနတပ်ရင်းစစ်ကြောင်း -၃ (KBDF)(LPF)၊ မွန်ပြည်တော် လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်ပါတီစစ်အာ ဏာရှင် တိုက်ဖျက်‌ရေးအဖွဲ့(NMSP-AD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တပ်ရင်း – ၁၊ တပ်မဟာ ၆ တပ် ရင်း(၂၇)၊ ဓဝယ်တပ်တော် DNLA တို့ ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင် ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ငူခရိုင် တပ် ရင်း(၃၅၀၂)မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြိုနယ် ၊ ကျောက်ဂူ‌ကျေးရွာအနီးတွင် ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်သုံ့ပန်းအဖြစ် သုံးဦးဖမ်းဆီးမိကြောင်း အဆိုပါတပ်က သတင်းထုတ်ပြန်သည်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားခြောက်ဦးသေဆုံးကြောင်း နဂါးဖြူတပ်ရင်းက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပျဉ်းမနား၊သံတောင်ကြီး၊ ရေနီနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေသုံးထိခိုက်မှုများပြားခဲ့ပြီး ဒုတပ်ရင်းမှူးအဆင့် အရာရှိ အချို့လည်းသေဆုံးခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန နေပြည်တော်တိုင်းစစ်ဌာနက ယနေ့(ဧပြီ ၁၃ရက်) ထုတ်ပြန်သည်။