၅၅၉ ရေးသားသည်။
၈၈၈၈ လူထုလှုပ်ရှားမှုဖြိုခွဲခံရအပြီးမှာမြန်မာ့သမိုင်း နဲ့ ယဉ်ကျေးမှုအမှတ်အသားတွေဟာ ဖျက်ဆီးခံခဲ့ ရပါတယ်။
တက္ကသိုလ်များဖြစ်ပါတယ်။ ထိပ်ဆုံးက ပစ်မှတ်ထားခံရတဲ့ ကျောင်းကတော့ရန်ကုန်စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT)ဖြစ်ပါတယ်။ ၈၈အရေးအခင်းကြီးကို စတင်ဖေါက်ခွဲခဲ့တဲ့သူရဲကောင်းတက္ကသိုလ်ဟာ နိင်ငံအနှံ့အပြားကို ကျောင်းငယ်လေးတွေအဖြစ် ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။
RIT နဲ့အတူ အညှိုးထားခံရတဲ့ နောက်တက္ကသိုလ်ကတော့ ရန်ကုန်တက္ကသိုလ်(University of Rangoon) ပါ။ RITလိုပဲရန်ကုန်တက္ကသိုလ်ဟာလည်းအပိတ်ခံခဲ့ရပြီးကျောင်းငယ်လေးတွေအဖြစ်လွင့်စင်သွားခဲ့ရပါတယ်။ အဓိပတိလမ်း၊ ဂျပ်စင်၊ ဘွဲ့နှင်းသဘင်ခန်းမနဲ့ သစ်ပုပ်ပင်တို့ဟာ သူတို့ရဲ့သူငယ်ချင်းကျောင်းသားတွေနဲ့ ပြန်ဆုံတွေ့ရဖို့အတွက် ၁၀စုနှစ်တွေနဲ့ချီပြီး စောင့်ဆိုင်းခဲ့ရပါတယ်။

Public Service Announcement
တကယ်တော့၁၉၆၂မှာအာဏာသိမ်းပြီးတက်လာတဲ့ စစ်အစိုးရဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲခဲ့ကတည်းက ပညာရေးအပေါ်မှာထားတဲ့ သူတို့ရဲ့သဘောထားကိုပြသပြီးဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းတွေကိုစစ်ကြေညာတာဟာ ဒေါ်နယ်ထရန့်ဟာ ပထမဆုံးအာဏာရှင်မဟုတ်သလိုနောက်ဆုံးအာဏာရှင်လည်းဖြစ်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတွေဟာ အာဏာရှင်စနစ်ကိုဆန့်ကျင့်တဲ့ အတွေးအခေါ်တွေရဲ့ ရေခံမြေခံဖြစ်သလို၊ လူ့အဖွဲ့အစည်းနဲ့ ပက်သက်ရင် စွန့်လွှတ်အနစ်နာခံမှုနဲ့ ရဲရင့်မှုရဲ့အမှတ်အသားတွေလည်းဖြစ်လို့ပါပဲ။
သမ္မတ ဒေါ်နယ်ထရန့်ဟာ IVY League လို့ခေါ်တဲ့ အမေရိကန်နိုင်ငံရဲ့ ထိပ်ဆုံးကကျောင်းတွေဖြစ်တဲ့ ဟားဗာဒ်၊ ယေးလ်၊ ကိုလံဘီယာလိုကျောင်းတွေကစပြီး တက္ကသိုလ်အသီးသီးကိုဆက်လက်ရပ်တည်ဖို့ ခက်ခဲအောင် ရံပုံငွေဖြတ်တောက်တာနဲ့ ပိတ်ပင်တာတွေလုပ်နေပါတယ်။
ကျောင်းတွေရဲ့ ရန်ပုံငွေတွေကိုဖြတ်တောက်ဖို့ကြိုးစားတာ၊နိုင်ငံတကာကကျောင်းသားတွေကိုဗီဇာရုတ်သိမ်းပြီးပြန်ပို့ဖို့လုပ်တာ၊ကျောင်းတွေအတွင်းမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို တိုင်ကြားတဲ့အခါစွပ်စွဲခံရသူဖက်ကသက်သာစေမယ့်နည်းဥပဒေတွေကိုပြုစုပေးတာ၊တစ်ကမ္ဘာလုံးကအာထားကြရတဲ့အမေရိကန်တက္ကသိုလ်တွေရဲ့သုတေသနစီမံကိန်းတွေအတွက်ရန်ပုံငွေတွေကိုဖြတ်တောက်ပစ်တာစတဲ့ အရေးယူမှုတွေပါပဲ။
ဒီကျောင်းတွေရဲ့ သုတေသနရလဒ်တွေက တစ်ကမ္ဘာလုံးကပြည်သူတွေရဲ့ကျန်းမာရေးနဲ့ နည်းပညာဆိုင်ရာတိုးတက်မှုတွေကိုရှေ့ဆောင်ခဲ့တာပါ။
ထင်ရှားတဲ့ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်က စီးပွားရေးဘွဲ့ကိုရခဲ့တဲ့ဒေါ်နယ်ထရန့်ဟာတက္ကသိုလ်တွေအပေါ်မှာဘာကြောင့်ဒီလောက် အညှိုးကြီးနေပါသလဲ။
တက္ကသိုလ်တွေဟာ လွတ်လပ်တဲ့အတွေးအခေါ်နဲ့ ဒီမိုကရေစီကိုထိန်းသိမ်းကာကွယ်ရမယ်ဆိုတဲ့ဝိဉာဉ်ကို မွေးထုတ်ပေးရာ ဘူမိနက်သန်တွေဆိုတာသူသိလို့ပါပဲ။သူတို့အခေါ် နိုင်ငံရေးလက်ဝဲဝါဒဟာတက္ကသိုလ်တွေမှာပြန့်ပွားနေတာ၊လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြတာ၊ နိုင်ငံခြားသားမုန်းတီးရေးဝါဒကို ကန့်ကွက်တာ၊လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်တာတွေဟာ ထရန့်လိုလူမျိုးအတွက် ဒီကျောင်းတွေကို ချိနဲ့အောင်လုပ်ဖို့ လုံလောက်တဲ့ အကြောင်းတရားတွေဖြစ်ပါတယ်။
သူမသိတာတစ်ခုတော့ရှိပါတယ်။တက္ကသိုလ်တွေရဲ့ လိပ်ပြာနဲ့ကျောင်းသားတွေရဲ့ ရပ်တည်ချက်ကို ပြောင်းလဲနိုင်ခဲ့တဲ့ အာဏာရှင်ဆိုတာ ကမ္ဘာပေါ်မှာမပေါ်သေးဘူးဆိုတာပါပဲ။(ဒီဆောင်းပါးဟာ တက္ကသိုလ်တွေထဲမှာရှိတဲ့ထရန့်ထောက်ခံသူတွေနဲ့လက်ယာဝါဒီကျောင်းသားတွေကိုတိုက်ခိုက်ခြင်းမဟုတ်ပါ။သူတို့ရဲယုံကြည်ချက်တွေနဲ့ခံယူမှုတွေကလည်းတက္ကသိုလ်တွေရဲ့တန်ဖိုးတွေထဲမှာ ပါဝင်ပြီးသားပါ)။
ထရန့်နဲ့သူ့နောက်လိုက်ရီပတ်ဘလီကန်တွေတင်မကပါဘူး။ ဟန်ဂေရီကိုကြည့်ပါ။ဝန်ကြီးချုပ်ဗစ်တာ အော်ဘန်ဟာကျောင်းတွေရဲ့လွတ်လပ်တဲ့အတွေးအခေါ်ကိုပိတ်ပင်တာ၊စာကြည့်တိုက်ကစာအုပ်ပေါင်းများစွားကို ဖျက်ဆီးပစ်တာတွေလုပ်ပါတယ်။ လိင်စိတ်ကွဲပြားသူတွေရဲ့အခွင့်အရေးနဲ့ မတူကွဲပြားမှု (Diversity) အကြောင်းစာအုပ်တွေကိုဖျက်ဆီးခဲ့ပါတယ်။သူ့ကိုအားကျတဲ့ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးရွန်ဒီဆန်းတစ်စ်ဦးဆောင်ပြီး စာကြည့်တိုက်တွေက စာအုပ်ပေါင်း ၁,၃၀၀၀ ကိုဖျက်ဆီးခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်မတိုင်မီအီတလီမှာမူဆိုလီနီအာဏာရတဲ့အခါ ကျောင်းတွေမှာရာထူးတိုးချင်ရင် ဖက်ဆစ်ပါတီဝင်ကြဖို့နဲ့ ကျောင်းသားတွေကြားမှာဖက်ဆစ်သတင်းပေးတွေကိုမွေးထုတ်ပြီးပညာရေးကိုဖျက်ဆီးခဲ့တာပါ။ လွတ်လပ်တဲ့အတွေးအခေါ်ကိုဆွေးနွေးတဲ့ဘယ်သူမဆို သတင်းပို့အရေးယူခံရမှာဖြစ်ပါတယ်။
ချီလီနိုင်ငံရဲစစ်အာဏာရှင်ကာလမှာလည်းဒီအတိုင်းပဲဖြစ်ခဲ့တာပါပဲ။ ၁၉၇၃မှာ အာဏာသိမ်းပြီး တက်လာတဲ့ ဗိုလ်ချုပ်အော်ဂတ်စတို ပီနိုချေး ဟာ ကျောင်းတွေဟာ မာက့်စ်ဝါဒကိုဖြန့်ချိတဲ့နေရာတွေ ဖြစ်တယ်လို့စွပ်စွဲပြီး ၁၉၇၅မှာကျောင်းသား၊ဆရာနဲ့ဝန်ထမ်းစုစုပေါင်း၂,၄၀၀၀ကိုထုတ်ပယ်ခဲ့ပါတယ်အများအပြားထောင်ချခံခဲ့ရပါတယ်။ဖီလော်ဆော်ဖီနဲ့ လူမှုသိပ္ပံ (Social Science) ဌာနတွေကို ပိတ်ပင်ခဲ့ပါတယ်။တက္ကသိုလ်ပါမောက္ခချုပ်တွေနေရာမှာစစ်အရာရှိကြီးတွေကိုအစားထိုးခန့်ထားခဲ့ပါတယ်။
ထရန့်က World Wrestling Entertainment (WWE) ရဲ့ အမှုဆောင်ဟောင်းကို ပညာရေးဝန်ကြီးခန့်သလိုပါပဲ။ ချီလီအာဏာရှင်ဟာ နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ကြားလာတဲ့ ပါမောက္ခတွေကို အများဆုံးနှိပ်ကွပ်ခဲ့ပါတယ်။ ထောင်ချတာတွေ၊ပြည်နှင်ဒဏ်ပေးတာတွေပြုလုပ်ခဲ့ပါတယ်။
ပညာရှင်ကိုမုန်းတီးတာဟာအာဏာရှင်တွေရင်ထဲမှာထိုးထားတဲ့ ဆေးမှင်ကြောင်ပဲဖြစ်ပါတယ်။
သွားရင်းလာရင်းတရုတ်နိုင်ငံက ရှီကျင်းပင်ဆိုတဲ့လူကိုတွေ့မိတဲ့အခါ “တီယင်အာမင်”ဆိုတဲ့ စကားလုံးလေးပြောကြည့်လိုက်ပါ။ ပညာရေးနဲ့ ကျောင်းသားတွေအပေါ်ထားတဲ့ သဘောထားကိုတွေ့ရပါလိမ့်မယ်။
ဒီလိုနဲ့မြန်မာနိုင်ငံမှာလည်း စစ်အစိုးရတွေသမိုင်းတလျှောက် အဖိုးတန်ပညာရှင်တွေကိုဆုံးရှုံးခဲ့ပါတယ်။ အင်မတန်ကြီးမားတဲ့ ဦးနှောက်ယိုစီးမှုပါပဲ။
ဒါပေမယ့် တက္ကသိုလ်တွေဟာပြန်လာမှာပါ။ ပြန်လာမယ်ဆိုတာကို သမိုင်းကသက်သေပြပြီး ဖြစ်ပါတယ်။ ။
