close
Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းမြို့နယ် စစ်ကောင်စီတပ်ရင်းများမှ တပ်သားသစ်သုံးဦး PDFထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စကခ(၁၃)နှင့် ခလရ(၄၃၂)တပ်ရင်းတို့မှ တပ်သားသစ်သုံးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ရောက်လာကြောင်း ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကော့သောင်းခရိုင် တပ်ရင်း (၁)မှရဲဘော်များနှင့် အလင်းဝင်စစ်ကောင်စီတပ်သားသုံးဦးကို တွေ့ရစဥ်။ဓာတ်ပုံ - ကော့သောင်းခရိုင် တပ်ရင်း ၁

ဧပြီ၂၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စကခ(၁၃)နှင့် ခလရ(၄၃၂)တပ်ရင်းတို့မှ တပ်သားသစ်သုံးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ရောက်လာကြောင်း ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုတ်ပြင်းမြို့အခြေစိုက် စကခ(၁၃)မှ တပ်သားရဲဝင်းအောင်(၃၁)နှစ်နှင့် တပ်သားသူရစိုး (၂၄)နှစ်တို့နှစ်ဦးသည် အဆိုပါတပ်ရင်း၌ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိ၍ဆိုကာ PDF ပူးပေါင်းစစ်ကြောင်း၏ စစ်ဆေးရေးဂိတ်သို့ လက်နက်မဲ့ ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာခြင်းဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

၎င်းတပ်သားသစ်နှစ်ဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ် (၉)ကို ရန်ကုန်တိုင်း၊ ဂျိုးဖြူလေးသင်တန်းကျောင်း၌ စစ်သင်တန်း ၃လတက်ရောက်၍ ဘုတ်ပြင်းအခြေစိုက် စကခ (၁၃)သို့ တာဝန်ချစေလွှတ်ခြင်းခံခဲ့ရကြောင်း ကော့သောင်းခရိုင် အမှတ် (၁)တပ်ရင်းထံမှ သိရသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဧပြီ ၂၀ ရက်နေ့တွင် ​​ပြည်သူ့ကာ ကွယ်ရေးတပ်မတော် PDF ကော့သောင်းခရိုင် အမှတ် (၁)တပ်ရင်းပါဝင်သော ပူးပေါင်းစစ် ကြောင်း စစ်ဆေးရေးဂိတ်သို့ လာရောက်ကာ လက်နက်မဲ့ အလင်းဝင်လာခြင်းဟု အမှတ် (၁)တပ်ရင်းက အသိပေးသည်။

အလားတူ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ(၄၃၂)တပ်ရင်းမှ တပ်သားစည်သူကျော် (၂၈)နှစ်သည်လည်း ပြည်သူ့ရင်ခွင့်မှတဆင့် ချိတ်ဆက်ကာ ကော့သောင်းခရိုင် တပ်ရင်း(၁)ပါဝင်သော ပူး ပေါင်းစစ်ကြောင်းသို့ ဧပြီ ၂၀ ရက်ကပင် အလင်းဝင်လာခြင်း ဖြစ်သည်။

စည်သူကျော်သည် စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရရာမှ စစ်မှုထမ်းအပတ်စဥ်(၉)ကို ဗထူးသင်တန်းကျောင်း၌ ၃လတက်ရောက်ခဲ့ရပြီး သင်တန်းဆင်းချိန်တွင် တနသ်ာရီမြို့နယ် ခမရ(၅၅၈)တပ်ရင်းသို့ ပို့ဆောင်ခံရပြီး ယင်းမှတဆင့် ဘုတ်ပြင်းနယ် ခလရ(၄၃၂)တပ်ရင်းသို့ ထပ်မံပို့ဆောင်ခံရသူဖြစ်သည်ဟု ကော့သောင်းခရိုင် တပ်ရင်း(၁)က အသိပေးသည်။

“လုံခြုံတဲ့နေရာမှာ ထိန်းသိမ်း စောင့်ကြည့်ထားတုန်းပါခင်ဗျာ။ ခုလက်ရှိအချိန်ထိတော့ သူတို့ ဖက်က တောင်ဆိုမှုမရှိသေးဘူးခင်ဗျား”ဟု အ လင်းဝင်စစ်ကောင်စီတပ်သားသုံးဦးနှင့်စပ်လျဥ်းပြီး ကော့သောင်းခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိအခြေအနေတွင် ဧပြီ ၂၀ရက်က အလင်ဝင်ရောင်လာသော စစ်ကောင်စီတပ်သားသုံးဦးအပါအဝင် ယခုနှစ်အတွင်း ကော့သောင်းခရိုင် တပ်ရင်း(၁)ပါဝင်သော PDF ပူးပေါင်းစစ်ကြောင်းထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ခြောက်ဦးရှိပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်၏ စနိုက်ပါတပ်သားတစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲခံရပြီး ရှေ့တန်းသို့ပို့ဆောင်ခံလိုက်ရသော လူငယ်တစ်ဦးသည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)ထံ အလင်းဝင်လာခဲ့သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့်လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

သတင်း

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်ပြီး တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းအပါအဝင် တပ်စခန်းအချို့သိမ်းပိုက်ရရှိကာ ကော့ကရိတ်မြို့နယ်မြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။