သတင်း သီပေါမြို့ဆီ ဦးတည်နေတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲပြင်းထန်နေ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayoo8 minutes ago
သတင်း ၀ိုင်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ကင်းစခန်း ၂ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ တပ်စွဲရာ ကင်းစခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayoo35 minutes ago
သတင်း လေးကေ့ကော်တိုက်ပွဲ ပြင်းထန်နေ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၀၀ခန့်သေတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သာအချို့ အလင်းဝင်လာ ludunwayoo36 minutes ago
သတင်း ကနီ ချောင်းမရွာတိုက်ပွဲ PDFသင်တန်းနည်းပြများပါ ဝင်တိုက်၊ စစ်ကောင်စီတပ် ၉ဦးသေ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမကျေးရွာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာန သင်တန်းနည်းပြဆရာများ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ၉ဦးသေဆုံးကာ စစ်သုံ့ပန်း ၄ဦးဖမ်းမိခဲ့သည်ဟု PDF ယင်းမာပင်ခရိုင်လေ့ကျင့်ရေးဌာနက ယနေ့ (စက်တင်ဘာ ၂၀ရက်) သတင်းထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 20, 2025
သတင်း ငွေတောင်ရွာသစ်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုများ ဖရူဆိုမြို့ဦးတည်လာသော စစ်တပ်စစ်ကြောင်းအား စစ်ဦးချိုးခဲ့ဟု ဗျူဟာအမှတ်(၁၁) ထုတ်ပြန် ludunwayooဩဂုတ် 31, 2025
သတင်း မန္တလေးတိုင်းကိုပစ်မှတ်ထားပြီး စစ်ကောင်စီလေတပ်တိုက်ခိုက်ခဲ့ နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကိုလုပ်ဆောင်နေတဲ့စစ်ကောင်စီလေတပ်ကပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးတိုင်းကို အများဆုံးပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အချက်အလက်အရသိရပါတယ်။ ludunwayooဩဂုတ် 14, 2025
သတင်း ရေဖြူတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် သေဆုံးမှုများဟု မွန်တပ်ပြော တနင်္သာရီတိုင်း၊ရေဖြူမြိုနယ်အတွင်းဩဂုတ် ၁၃ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြားကာတိုက်ပွဲအပြီးလက်နက်ကြီးကြောင့် တော်လှန်ရေးရဲဘော်များလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောသည်။ ludunwayooဩဂုတ် 14, 2025
သတင်း ဗန်းမော်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲရက်ဆက်ဖြစ်ပွားနေသည့် ဗန်းမော်မြို့ကို စစ်ကောင်စီက ယနေ့(ဩဂုတ်၁၄ရက်) မနက်အစောတွင် လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ludunwayooဩဂုတ် 14, 2025
သတင်း နတ်အိမ်တောင်တပ်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး လေးဦးသေ၊ လက်နက်ခဲယမ်းအချို့ရဟု နည်းဗျူဟာ(၃၃)ထုတ်ပြန် တနင်္သာရီတိုင်း၊ကလိန်အောင်မြို့ အရှေ့ခြမ်း မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်တပ်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နည်းဗျူဟာ(၃၃)က ယမန်နေ့ (ဩဂုတ်၅ရက်) ထုတ်ပြန်သည်။ ludunwayooဩဂုတ် 7, 2025
သတင်း နောင်ချိုမြို့အဝင်ဆိုင်းဘုတ်နားထိ စစ်ကောင်စီတပ်တွေရောက်လာလို့ မြို့ခံတွေစိုးရိမ်နေ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းမြောက်က နောင်ချိုမြို့မှာ စစ်ကောင်စီတပ်တွေက တဖြည်းဖြည်းရှေ့တိုးလာပြီး မြို့အဝင်ဆိုင်းဘုတ်နားရောက်လာလို့ မြို့ခံတွေက စိုးရိမ်နေကြပါတယ်။ ludunwayooဇူလိုင် 12, 2025