close
Connect with us

Hi, what are you looking for?

သတင်း

မြင်းမထိတောင်သတ္တုလုပ်ကွက်ရိက္ခာပို့ယာဥ်အား ဒေသခံများတားဆီးရာ တရုတ်ကုမ္ပဏီက လက်နက်ကိုင်များခေါ်၍ ခြိမ်းခြောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်သတ္တုလုပ်ကွက်သို့ ရိက္ခာပို့ယာဥ်အား ဒေသခံများကတားဆီးရာ အဆိုပါသတ္ထုတူးဖော်မှုလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီက လက်နက်ကိုင်များခေါ်၍ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။

ကယန်းဒေသရှိ မြင်းမထိတောင်သတ္တုလုပ်ကွက်သို့ ရိက္ခာပို့ယာဥ်အား ဒေသခံများကတားဆီးနေစဉ်။ဓာတ်ပုံ − ပရာဒေါင်း ဆွေမျိုးစု

ဧပြီ ၂၅၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်သတ္တုလုပ်ကွက်သို့ ရိက္ခာပို့ယာဥ်အား ဒေသခံများကတားဆီးရာ အဆိုပါသတ္ထုတူးဖော်မှုလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီက လက်နက်ကိုင်များခေါ်၍ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။

ကယန်းပြည်သစ်ပါတီ KNLP ဥက္ကဌဦးသန်းစိုးနိုင်၏ လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီဖြစ်သော မစ္စတာဝမ် ကုမ္ပဏီသည် သိကျိတ်ကျေးရွာရှိ မြင်းမထိတောင်ပေါ်၌ သတ္တုတူးဖော်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ယမန်နေ့(ဧပြီ ၂၄ ရက်)က ပရာဒေါင်းဆွေမျိုးစုဒေသ၊သိကျိတ်ကျေးရွာအတွင်း တရုတ်လူမျိုးတစ်ဦးနှင့် တရုတ်စကားပြန်တစ်ဦး ပါရှိသည့်ကားသည် စားနပ်ရိက္ခာများ ပါဝင်သဖြင့် ပရာဒေါင်းဆွေမျိုးစုတာဝန်ရှိလူငယ်များက တားဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ဝင်ခွင့်မပေးသောကြောင့် ၎င်းတို့က လုပ်ကွက်ကုမ္ပဏီ တာဝန်ရှိသည့်ပုဂ္ဂိုလ်များထံသို့ အသိပေးအကြောင်း ကြားသဖြင့် ခဏအကြာတွင် လုပ်ကွက်မှ ကုမ္ပဏီလုံခြုံရေးအဖွဲ့က ယူနီဖောင်းလက်နက်အပြည့်အစုံဖြင့် ဒေသခံများတားဆီးသည့်ဂိတ်သို့ ရောက်ရှိလာကြောင်း ပရာဒေါင်းဆွေမျိုးစုက အသိပေးသည်။

ပရာ​ဒေါင်းဆွေမျိုးစု ဥက္ကဌ၊ဆွေမျိုးစုတာဝန်ရှိပုဂ္ဂိုလ်များနှင့် လာရောက်ညှိနှိုင်းပြီး ပရာဒေါင်းဆွေမျိုးစုနှင့်လူငယ်များမှ ကုမ္ပဏီကားနှင့်စက်ယန္တရားများ၊ ရိတ်က္ခာများသယ်ဆောင်ခွင့်မပေးဟုပြန်လည်ပြောဆိုကာ လုံခြုံရေးမှ စားနပ်ရိတ်က္ခာများကို ချထားပြီး ကားကိုသာတက်ခွင့်ပေးပါဟု အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။

ပရာဒေါင်းဆွေမျိုးနှင့်လူငယ်များက ကားတစ်စီးတက်ခွင့်ပြုမည်ဖြစ်ပြီး လာမည့်ကားများတက်ခွင့်ပေးမည့်မဟုတ်ဟု ပြန်လည်ပြောဆို ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

“လက်နက်ကိုင်လုံခြုံရေးနဲ့ပတ်သက်လို့က ကယန်းပြည်သစ်နဲ့ဆိုင်မလား မဆိုင်ဘူးလားဆိုတာ ဘတ်တံ ဆိပ်ကြည့်ရင်သိနိုင်မယ်။နောက်တစ်ခုက ကျွန် တော်တို့အနေနဲ့ ရိက္ခာတွေ ပေးမသယ်ဘူး။စက်ဆီတွေ ကျွန် တော်တို့ပေးသယ်မခံဘူးး။အဲဒီအခြေအနေမှာ သူတို့က လုံခြုံရေးခေါ်ပြီးတော့မှ လာရောက်ဖြေရှင်းတဲ့ပုံစံမျိုး။လုံခြုံရေးတောင်မှ လက် က်အပြည့်အစုံ၊ယူနီဖောင်းအပြည့်အစုံနဲ့ လူထုကိုကြောက်ရင်ကြောက်မလား၊ရမလာဆိုပြီးလုပ်တာ”ဟု ကယန်းဒေသခံတစ်ဦးက လူထုနွေဦးသို့ပြောသည်။

လက်နက်အပြည့်အစုံဖြင့် လာရောက်သူများသည် လေးပွင့်ကြယ်ကုမ္ပဏီမှဖြစ်ကြောင်း ပရာဒေါင်းဆွေမျိုးစု ဥက္ကဌကိုအောင်နိုင်စိုးက ဆိုသည်။

“သူတို့က ယူနီဖောင်းလက်နက်အပြည့်အစုံဆို လူထုကြောက်ပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတာ။လူထုကို လက်နက်နဲ့ခြိမ်းခြောက်တာမျိုးသက်ရောက်တယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် မြင်းမထိတောင်၌ သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ရန်စီစဥ်ခဲ့သူ လေးပွင့်ကြယ်ကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်သော ဦးဘက်စုံကို ပရာဒေါင်းဆွေမျိုးစု နယ်မြေဒေသအတွင်းက ထွက်သွားရန် ပရာဒေါင်းဆွေမျိုးစုက ယနေ့( ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန်တောင်းဆိုသည်။

လေးပွင့်ကြယ်ကုမ္ပဏီ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဘက်စုံသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ နယ်၊ မောင်ဘလောက်ကျေးရွာ ဇာတိဖြစ်ပြီး ကယန်းပြည်သစ်ပါတီ ( KNLP) ဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်ကြောင်း ပရာဒေါင်းဆွေမျိုးစုက ဖော်ပြ သည်။

မြင်းမထိတောင်ဒေသတွင် သတ္တုတူးဖော်မည့် လုပ်ရပ်များ အပြီးအပိုင်ဆုတ်ခွာ ရုပ်သိမ်းပေးရန် ပရာဒေါင်းဆွေမျိုးစုက ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၁က စတင်ခဲ့သော နွေဦးတော်လှန်ရေး မပြီးဆုံးမချင်း ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း အကြီးစားသတ္ထုတူးဖော်မည့် မည်သည့် ကုမ္ပဏီများကိုမဆို ပရာဒေါင်းဆွေမျိုးစုမှ (လုံးဝ)လက်ခံခွင့်မပြုကြောင်း ကြေညာခဲ့သည်။

ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစု တစ်ခု ဖြစ်ပြီး ပရာဒေါင်းဆွေမျိုးစုရှိသည့်မြင်းမထိဒေသသည် ကယန်းပြည်သစ်ပါတီ KNLP ၏ထိန်းချုပ်နယ်မြေအတွင်းရှိနေသည်။

အကြီးစားသတ္တုတူးဖော်မှုကြောင့် အိမ်ခြေ ၃၀ ကျော်ရှိသည့် စခန်းကြီးရွာ‌‌ဟောင်း ဒေသခံများ ရွာလုံးကျွတ် ရွှေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ ခန့်ရှိသည့် ကုန်းဆုံကျေးရွာ နှင့် အိမ်ခြေ ၄၀၀ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း ပရာဒေါင်း ဆွေမျိုးစုက အသိပေးသည်။

လက်ရှိကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်၊ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)ကို ဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကယန်းပြည်သစ်ပါတီ(KNLP)ဥက္ကဌကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး သတ္တုတူးဖော်ရန် စီစဉ်နေသည့် သိကျိတ်ကျေးရွာ မြင်းမထိတောင်ထိပ်တွင် ဒေသခံများက ယနေ့(ဧပြီ ၂၂ရက်)တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်း

အပြီးတိုင်ဆုတ်ခွာရုပ်သိမ်း​ပေးရန်​တောင်းဆို၊ ​နွေဦး​တော်လှန်​ရေးမပြီးမချင်းမည်သည့်ကုမ္ပဏီကိုမဆိုအကြီးစားသတ္ထုတူး​ဖော်ခွင့်မပြု​ကြောင်းထုတ်ပြန်

သတင်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဂျူလီဘစ်ရှော့ဟာ တရုတ်ကုမ္ပဏီများရှယ်ယာပါဝင်တဲ့အဖွဲ့အစည်းအတွေမှာ အကြီးတန်းရာထူးများ ရယူထားတာကြောင့် ကုလအထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ အကျိုးစီးပွားပဋိပက္ခရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။

သတင်း

People’s Spring ထိုင်းနိုင်ငံ တောင်ဖက်စွန်း၊ မလေးရှားနဲ့ နယ်စပ်နားက မြို့တစ်မြို့မှာလက်နက်ကိုင်​သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ကျီးလန့်စာစား အခြေအနေတွေ ဖြစ်ပေါ်ပြီး အရေးပေါ် လုံခြုံရေး အစီအမံတွေ မြှင့်တင်ထားရတယ်လို့ ဘန်​ကောက်ပို့စ်သတင်းစာက​ဖော်ပြပါတယ်။ မတ်လ ၈ ရက်နေ့ ညပိုင်းတုန်းက နာရာသီဝပ် ပြည်နယ်ရဲ့ အဓိက မြို့ကြီး...