close
Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ပြည်သူတစ်ဦး သေဆုံး၊လေးဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင် ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ငူခရိုင် တပ် ရင်း(၃၅၀၂)မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

စစ်ကောင်စီတပ်က ထန်းတပင်မြို့နယ်၊ သောင်ပုချောင် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်အပိုင်းအစများ။ တောင်ငူခရိုင်တပ်ရင်း (၃၅၀၂)

ဧပြီ၂၄၊ ၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင် ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ငူခရိုင် တပ် ရင်း(၃၅၀၂)မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

ယနေ့(ဧပြီ ၂၄)နံနက်အစောပိုင်း ၁နာရီ ၁၅ မိနစ်ခန့်က ညောင်ခြေထောက်အခြေစိုက် စစ်ကောင်စီတပ်နှင့် ခလရ(၇၃)တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သောင်ပုချောင်ကျေးရွာအတွင်း နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ၎င်းက ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်များကျရောက် ပေါက်ကွဲ၍ အသက်(၇၀)ကျော် သက်ကြီးအမျိုး သမီးတစ်ဦးသေဆုံးပြီး (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် လေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရသူလေးဦးတွင် (၈)နှစ်ကလေးငယ်အပါအဝင် သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း တောင်ငူခရိုင်တပ်ရင်း (၃၅၀၂)က အသိပေးသည်။

“အကြောင်းမဲ့ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာပါ။ တော်လှန်ရေးကိုထောက်ခံရင် ဒီလိုဖြစ်မယ်ဆိုတဲ့ အကြောက်တရားထည့်ပြီး ရက်စက်တဲ့ရည်ရွယ်ချက်ပေါ့”ဟု တပ်ရင်း (၃၅၀၂)မှ ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီ ၏လုပ်ရပ်အပေါ် မှတ်ချက်ပေးသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများရှိရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လျှက်ရှိရာ ပြည်သူများစွာ ဒုက္ခရောက်နေခြင်းအပေါ် သာယာနေသော၎င်းတို့၏ ရက်စက်ယုတ်မာမှုအတွက် တန်ပြန်ပေး ဆပ်ရမည်ဟု တောင်ငူခရိုင်တပ်ရင်း (၃၅၀၂)က အသိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြိုနယ် ၊ ကျောက်ဂူ‌ကျေးရွာအနီးတွင် ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်သုံ့ပန်းအဖြစ် သုံးဦးဖမ်းဆီးမိကြောင်း အဆိုပါတပ်က သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် အပစ်ရပ်မည်ဟုထပ်မံသက်တမ်းတိုးကြေညာသည့်နေ့တွင် ဌာနချုပ်နယ်မြေသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့်ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားခြောက်ဦးသေဆုံးကြောင်း နဂါးဖြူတပ်ရင်းက လူထုနွေဦးသို့ ပြောသည်။

Facebook