close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် PDF စခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ

စခန်း၏ အဆောက်ဦးများ ပျက်စီးမှုမရှိသော်လည်း အရေးပေါ် စခန်းတည်နေရာ အသစ်ပြောင်းရွေ့ရန် စီစဥ်နေပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)
(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)၏ စခန်းအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၀ရက် ညနေ ၃ နာရီခွဲခန့်က ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ၏ စခန်းအား စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ခွဲတာဝန်ရှိသူက ပြောသည်။

စခန်းအတွင်း ရော့ကတ်၂လုံးကျရောက် ပေါက်ကွဲခဲ့ရာ ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်နက်ခဲယမ်းထိခိုက်မှုတော့ညမရှိဘူး။ ထိခိုက်တာကတော့ စခန်းအနီးမှာရှိတဲ့ ဘုရား အုတ်တံတိုင်း တစ်နေရာပေါက်သွားတယ်။ ကျွန်တော်တို့ ကားတစ်စီး ပျက်စီးသွားတယ် ဒါလောက်ပါပဲ။”ဟု လျှပ်စီးတပ်ခွဲ တာဝန်ရှိသူက ပြောသည်။

စခန်း၏ အဆောက်ဦးများ ပျက်စီးမှုမရှိသော်လည်း အရေးပေါ် စခန်းတည်နေရာ အသစ်ပြောင်းရွေ့ရန် စီစဥ်နေပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။

ယနေ့ (နိုဝင်ဘာ ၁ ရက်) နံနက်ပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ ချောင်းဦးမြို့နှင့်ငါးယှန်ရွာကြား၌ စစ်ကောင်စီတပ်အား ကာကွယ်ရေးအဖွဲ့များက ပစ်ခတ်ရာ စစ်သားတစ်ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းမိစစ်ကောင်စီတပ်သား အရေအတွက်၊ လက်နက်ခဲယမ်းနှင့် နှစ်ဖက်ထိခိုက်ကျဆုံး အရေအတွက် အခြေအနေများ ဖော်ပြမထားပေ။

သတင်း

ဗုံးကြဲချတိုက်ခိုက်မှုကြောင့် တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ကျွဲ(၁)ကောင်နှင့် ဌာနဆိုင်ရာအဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အောက်တိုဘာ ၃၀ရက် ည ၁၂နာရီတွင် ဆောမြို့နယ် ကံချောင်းကျေးရွာကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲံရာ ဒေသခံပြည်သူများ​၏ နေအိမ် ၁၀လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

သတင်း

နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားသမားများလည်း သတိပြုနေထိုင်ကြရန် နတ်မောက်တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

Facebook