ရဲခေါင်/People’s Spring
စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုရန်ကာကွယ်ရန် Drone Jammerကို အောင်မြင်စွာစမ်းသပ် ထုတ်လုပ်နိုင်ခဲ့ကြောင်း Federal Wings တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။
တပ်ဖွဲ့၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည့် Drone Jammerကို Federal Shieldဟု အမည်ပေးထားကြောင်းလည်း အသိပေးသည်။
“ရန်သူရဲ့ဒရုန်းရန်ကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တော့မှာဖြစ်ပြီး ဝယ်ယူရခက်ခဲမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကို ကျော်လွှားနိုင်တော့မှာပါ”ဟု Federal Wings တပ်ဖွဲ့က ပြောသည်။

Public Service Announcement
တပ်ဖွဲ့၏ ထုတ်လုပ်မှုများအတွက် အရှိန်အဟုန်မပျက်လုပ်ဆောင်နိုင်ရန် ဘတ်သန်းချီပြီး ယုံကြည်စွာ ကျောထောက်နောက်ခံမှုပြုခဲ့ကြသည့် နာမည်မဖော်လိုကြသော တော်လှန်ရေးမိတ်ဆွေများကိုလည်း ကျေးဇူးအထူးတင်ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားသည်။
တော်လှန်ရေးအင်အားစုများအနက် စစ်ကောင်စီအား တိုက်ခိုက်မှုတွင် ဒရုန်းစစ်ဆင်ရေးဖြင့် Federal Wings တပ်ဖွဲ့မှာ နာမည်ထင်ရှားသည်။
ထို့အပြင် ယခင်က ကရင်ပြည်နယ်တွင် အခြေစိုက်သည် ၎င်း၏ တပ်ဖွဲ့ဝင်များမှာ ကရင်နီပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်ပါ စစ်ရေးတိုးချဲ့၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။
စခန်းသိမ်းတိုက်ပွဲများအတွင်း အရေးပါလာသည့် ဒရုန်းအသုံးပြုမှုကို စစ်ကောင်စီက ယခုနှစ် နှစ်ဆန်းပိုင်းကစ၍ တန်ပြန်အသုံးပြုနေပြီး တရုတ်နှင့် ရုရှားနိုင်ငံ၏ နည်းပညာထောက်ပံ့မှုများပါရရှိနေကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုနောက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များအား အဆင်မြင့်ဒရုန်းများ အသုံးပြုတိုက်ခိုက်နေသည်။
