close
Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ်တွင် PDFများအား Liveလွှင့် စိန်ခေါ်သည့် ပျူခေါင်းဆောင် ပစ်သတ်ခံရ

နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားသမားများလည်း သတိပြုနေထိုင်ကြရန် နတ်မောက်တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

(ပစ်ခတ်ခံရသော ပျူစောထီးခေါင်းဆောင် ဇော်ဝင်းက PDFများအား စိန်ခေါ်ခဲ့သည့် Tiktok video)
(ပစ်ခတ်ခံရသော ပျူစောထီးခေါင်းဆောင် ဇော်ဝင်းက PDFများအား စိန်ခေါ်ခဲ့သည့် Tiktok video)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် PDF ရဲဘော်များအား Facebook လူမှုကွန်ရက်တွင် Live လွှင့်ပြီး စိန်ခေါ်ထားသည့် ပျူစောထီးခေါင်းဆောင် တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၀ရက် ညနေ ၆နာရီခန့်က နတ်မောက်မြို့ရဲစခန်းအနီး၌ စစ်မှုထမ်းဟောင်း၊ ပျူစောထီးခေါင်းဆောင် (၅၃)အရွယ် ဇော်ဝင်း (ခ)မြွေဟောက်ကို နတ်မောက်မြို့နယ်မဟာမိတ်တပ်ပေါင်းစုက သွားရောက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း People’s Defence Organization-Natmauk တာဝန်ခံ အဆိပ်သီးက ပြောသည်။

“စကစ ထောက်တိုင်အကြီးစားပါ။စစ်မှုထမ်းဟောင်းတစ်ဦး၊လက်ရှိ ပျူစောထီးခေါင်းဆောင်လုပ်နေသူပါ။မြို့နယ်ထဲမှာပေါ်တာဆွဲတာတွေ ဦးဆောင်လုပ်နေသူ တစ်ယောက်ပါ။သူ့ကြောင့်ဒုက္ခရောက်နေကြတဲ့လူငယ်တွေအများကြီးပါ။ပေါ်တာဆွဲတဲ့ထဲက ပိုက်ဆံရှိသူတွေကိုသိန်း၁၅၀ ဝန်းကျင်နဲ့ပြန်ရွေးခိုင်းပြီးပြည်သူကိုဒုက္ခပေးနေသူတစ်ယောက်ပါ။ PDFတွေကိုလည်း Liveလွှင့်ပြီး ဆဲဆိုစိန်ခေါ်ဆဲလေ့ရှိသူတစ် ယောက်ပါ။”ဟု အဆိပ်သီးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းထံတွင် ပစ္စတိုတစ်လက်နှင့် လက်ပစ်ဗုံး နှစ်လုံးရှိသည်ဟုသိရသော်လည်း ရဲစခန်းနှင့်နီးကပ်နေ၍ ရှာဖွေသိမ်းဆည်းချိန်မရခဲ့ကြောင်း တာဝန်ခံ အဆိပ်သီးက ရှင်းပြသည်။

ထို့အပြင် နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားသမားများလည်း သတိပြုနေထိုင်ကြရန် နတ်မောက်တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ကလည်း မကွေးတိုင်း၊ အောင်လံမြို့နယ်၊တလုပ်ပင်စခန်းမှ ပြန်လာသည့် စစ်ကောင်စီယာဥ်များကို People’s Defence Organization-Natmauk အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က နယ်မြေ နှင့် စစ်ရေး ရှုံးနိမ့်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံအပေါ်ထားရှိသည့် အိမ်နီးချင်းတရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တဆစ်ချိုးပြောင်းလဲသွားသည်ကို တွေ့ရကြောင်း နိုင်ငံရေးအကဲခတ်များက ရှုမြင်ကြသည်။

သတင်း

စဥ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်က သိမ်းပိုက်နိုင်ခဲ့စဥ် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြီး FAW ကားဖြင့် သယ်ယူသွားကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များ၏ ကျန်ရစ်သူ မိဘများကို လိုက်လံကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။