close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ဟု CDF အသိပေး

လေကြောင်းတိုက်ခိုက်ခြင်း စစ်လက်နက်ခဲယမ်းဖြည့်တင်းခြင်းများရှိသော်လည်း မင်းတပ် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုသတင်းများ မကြားရသေးပေ။

(မင်းတပ်မြို့နယ်အတွင်း ပျံသန်းလာသော စစ်ကောင်စီ​၏ Y12လေယာဉ်တစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့နယ်အတွင်း ပျံသန်းလာသော စစ်ကောင်စီ​၏ Y12လေယာဉ်တစ်စင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်ခဲ့ရာ ဗုံးသီး ၇၇လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၈ရက်က မင်းတပ်မြို့နယ် တိုက်နယ်(၄)ကို တိုက်လောဉ် ၂စီးဖြင့် တိုက်ခိုက်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၉က်တွင် မင်းတပ်မြို့အား လေကြောင်းမှ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၆ရက်တွင် Y-12 လေယာဉ်ဖြင့် ဗုံးသီးအလုံး ၇၀ကြဲချတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုများကြောင့် လူသေဆုံးထိခိုက်ရှိ၊ မရှိ အခြေအနေများ ဖော်ပြမထားပေ။

ထို့ပြင် အောက်တိုဘာ ၁ရက်နှင့် အောက်တိုဘာ ၅ရက်တွင် မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကို စစ်ကောင်စီက မီးရှို့ခဲ့ရာ နေအိမ် ၃၀ မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် အောက်တိုဘာအတွင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး တစ်ဦးသည် မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း အသိပေးထားသော်လည်း ကျန်သုံးဦးသည် မည်သည့် အခြေအနေ၌ ကျဆုံးခဲ့သည်ကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် ဩဂုတ်နှင့် စက်တင်ဘာအတွင်းကလည်း မင်းတပ်မြို့ရှိ နေအိမ်များကို မီးရှို့ခြင်းလေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ထို့ပြင် လေကြောင်းမှ မင်းတပ်မြို့ အခြေစိုက် ခလရ(၂၇၄)တပ်ရင်းသို့ လက်နက်ခဲယမ်းရိက္ခာဖြည့်တင်းမှုများလည်း ပြုလုပ်ခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခြင်း စစ်လက်နက်ခဲယမ်းဖြည့်တင်းခြင်းများရှိသော်လည်း မင်းတပ် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုသတင်းများ မကြားရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တရုတ်၏ ဖိအားအပေါ် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ပထဝီဝင် နိုင်ငံရေး စစ်ရေးအရသည်းခံ စိတ်ရှည်နေရသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

သတင်း

ပင်လောင်း - ဖယ်ခုံမြို့နယ်ကြားတိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက်သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ကရင်နီတပ်ပေါင်းစုဘက်ကလည်း တိုက်ပွဲ ဖြစ်ပွားနေဆဲဟုသာ အသိပေးထားသည်။

သတင်း

စစ်ကောင်စီ​၏ လျှပ်စစ်ကားတင်သွင်းခွင့် မက်လုံးပေးမှုမှာ ယုတ်တိမဆန်ဘဲ သင်္ဘောသားများပင် ထိုကဲ့သို့သော လစာမရရှိဟု ဆိုသည်။

သတင်း

ဖမ်းမိစစ်ကောင်စီတပ်သား အရေအတွက်၊ လက်နက်ခဲယမ်းနှင့် နှစ်ဖက်ထိခိုက်ကျဆုံး အရေအတွက် အခြေအနေများ ဖော်ပြမထားပေ။

Facebook