close
Connect with us

Hi, what are you looking for?

သတင်း

AA ကတောင်ကုတ်မြို့သိမ်းတိုက်ပွဲအရှိန်မြှင့်

တောင်ကုတ်မြို့နှင့်ရခိုင်ရိုးမခြားလျက်ရှိသော ပြည်မြို့အပါအဝင် ပဲခူးတိုင်းအတွင်းရှိမြို့များ၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိမြို့များကို စစ်ကောင်စီက အင်အားတိုးနေသည်။

(အာရက္ခတပ်(AA)တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Info Desk)
(အာရက္ခတပ်(AA)တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Info Desk)

အိမ်သွင်/People’s Spring

တောင်ကုတ်မြို့သိမ်းတိုက်ပွဲထ်ိုးစစ်ဆင်မှုကိုအာရက္ခတပ်တော်(AA) က နိုဝင်ဘာ ၁ ရက်တွင်အရှိန်မြှင့်လိုက်ပြီး တိုက်ပွဲများပြင်းထန်နေကြောင်း ​ဒေသခံအချို့က​ပြောသည်။

တောင်ကုတ်မြို့နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆)နှင့် ခမရ (၅၄၄) ကို AAက နိုဝင်ဘာလ ၁ရက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဟု မြို့ခံတဦးကပြောသည်။

“ချနေတာက အရင်ကတည်းကပါ။ ဒီနေ့ကတော့တော်တော်လေးကိုပြင်းထန်တယ်။ တောင်ကုတ်ကို သိမ်းတဲ့ စစ်ဆင်ရေးလားလို့ ထင်စရာရှိတယ်။ ပွဲက ပိုကြီးလာတယ်” ဟုအဆိုပါမြို့ခံကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသောခမရ (၃၄၆)၊ ခမရ (၅၄၄) တပ်စခန်းများ နှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေး တိုက်ခိုက်နေကြောင်း AAက အောက်တိုဘာလ ၇ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

တောင်ကုတ်မြို့နယ်တွင် အောက်တိုဘာလအတွင်း တိုက်ပွဲများဖြစ်နေခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ် နေသည်။ တောင်ကုတ်မြို့နယ် မောင်းရွာကို အောက်တိုဘာလ ၃၀ ရက်နေ့ နေ့ခင်းပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်ရာ အသက်၁၀ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်။

အောက်တိုဘာလ ၇ရက်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကိုလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၁၂ဦးသေဆုံးခဲ့သည်။ အလားတူ အောက်တိုဘာလ ၄ရက်က တောင်ကုတ်မြို့နယ်၊ ကင်းထောင်ကျေးရွာကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံခုနစ်ဦးသေဆုံးခဲ့သည်။

တောင်ကုတ်မြို့နယ်ကို ဇွန်လ ဆန်းမှစ၍ စစ်ကောင်စီက တိုက်ခိုက်ခဲ့ပြီး တစ်ရက်ထက်တစ်ရက် တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။

တောင်ကုတ်မြို့ကို ပန်းတောင်း-တောင်ကုတ်လမ်း သံတွဲ-တောင်ကုတ်လမ်း၊အမ်း-တောင်ကုတ်လမ်းတို့ဖြင့် ဆက်သွယ်ထားပြီး ယာဉ်လမ်းပိုင်းများအားလုံးတွင် စစ်ရေးတင်းမာနေသလို လမ်းပိုင်းနေရာအများစုကို AAက ထိန်းချုပ်ထားသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ထံမှသိရသည်။

တောင်ကုတ်မြို့နှင့်ရခိုင်ရိုးမခြားလျက်ရှိသော ပြည်မြို့အပါအဝင် ပဲခူးတိုင်းအတွင်းရှိမြို့များ၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိမြို့များကို စစ်ကောင်စီက အင်အားတိုးနေသည်။

ထိုအပြင် ယခုအခါ အမ်းမြို့တွင်လည်း တိုက်ပွဲအလွန်ပြင်းထန်နေပြီး AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီစခန်းများကို အနီးကပ်ပိတ်ဆို့တိုက်ခိုက်နေ​ကြောင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ရခိုင်ပြည်နယ်တွင်အမ်းနှင့် တောင်ကုတ်အပြင် ဂွ၊ ကျိန္တလီ နှင့် မောင်တောမြို့များ၌လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်၏ ဖိအားအပေါ် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ပထဝီဝင် နိုင်ငံရေး စစ်ရေးအရသည်းခံ စိတ်ရှည်နေရသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များနှင့် ပဲပြစ်တောရွာအပါအဝင် ဖိုကုန်း၊စီပါ၊မွန်အို၊ညောင်ကန် စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။

သတင်း

ရှမ်းမြောက်ဒေသခံ အချို့ကလည်း မူဆယ်မြို့အနီး၌ ပစ်ခတ်မှုများရှိနေကြောင်း ယနေ့နံနက်တွင် လူမှုကွန်ရက်မှ တဆင့် အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် အောက်တိုဘာ ၇ရက်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကိုလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၁၂ဦးသေဆုံးခဲ့သည်။

Facebook