close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ် ကံဇီးပျူစောထီးရွာစခန်းသိမ်း တိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေ၊ ၃၀ကျော် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပျူစောထီးများအထိုင်ချတပ်ဆွဲထားသော ကံဇီးပျူစောထီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ၁၅ ဦးသေပြီး သုံ့ပန်းအဖြစ် ၃၀ကျော်အရှင်ဖမ်းမိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် မုံရွာခရိုင် အမှတ်(၈)တပ်ရင်းမှ ဗိုလ်ဒေါင်းမင်းက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပျူစောထီးများအထိုင်ချတပ်ဆွဲထားသော ကံဇီးပျူစောထီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ၁၅ ဦးသေပြီး သုံ့ပန်းအဖြစ် ၃၀ကျော်အရှင်ဖမ်းမိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် မုံရွာခရိုင် အမှတ်(၈)တပ်ရင်းမှ ဗိုလ်ဒေါင်းမင်းက လူထုနွေဦးသို့ ပြောသည်။

စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ ကံဇီးပျူစောထီးရွာအား မုံရွာခရိုင် တပ်ရင်း (၅၊ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၅၊ ၁၇ )မှ ဦးဆောင်၍ ခရိုင်(ခရိုင်)ပကဖ၊ မုံရွာခရိုင်တပ်ရင်း (၃)၊ မုံရွာခရိုင်တပ်ရင်း (၂၄)တို့ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တိုက်ခိုက်ချိန်က ၂ နာရီလောက်ပဲ။ သိပ်မကြာလိုက်ဘူး”ဟု မုံရွာခရိုင် တပ်ရင်း(၈)မှ ဗိုလ်ဒေါင်းမင်းက ပြောသည်။

အဆိုပါ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ရာ သေနတ်အရှည် ၁၀လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများပါဝင်သည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရပြီး တော် လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမှတ်(၈)တပ် ရင်းထံမှ သိရသည်။

စခန်းသိမ်းစစ်ဆင်ရေးအား ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းများအနေဖြင့် မြို့ နယ်အတွင်းရှိ ဒေသခံ တော်လှန်ရေးတပ်များ၊ မြို့နယ်(ပအဖ)၊ မြို့နယ်(ပလဖ)၊ ခရိုင် (ပကဖ)များနှင့် ဟန်ချက်ညီစွာ လက်တွဲလျက် စည်းလုံးညီးညွတ်စွာဖြင့် ရန်သူစစ်ကောင်စီတပ်များကို တော်လှန်တိုက်ပွဲဝင် လျက်ရှိကြောင်း အသိပေးသည်။

သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအပါအဝင် ၎င်းတို့၏မိသားစုဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့

“စုဖွဲ့မှု ကောင်းမွန်စွာဖြင့် တပ်ရင်း (၇)ရင်းမှ ဦးဆောင်ကာ မြို့နယ်တွင်း စစ်ဆင်ရေးများအား ဦးဆောင် အကောင်အထည်ဖော်သွားမည်”ဟုလည်း အဆိုပါတပ်ရင်းများက ထုတ်ပြန်ထားသည်။

စစ်ဘက်ဆိုင်ရာ သတင်းလုံခြုံရေးနှင့် စစ် စည်းကမ်းများအရ အချို့သော တိုက်ပွဲသတင်းများအား မထုတ်ပြန်ခြင်း၊ လှုပ်ရှားဆောင်ရွက်နေမှုများအား အသိမပေးခြင်းများအပေါ် နားလည်သည်းခံ၍ ဝန်းရံအားပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

ထို့အပြင် ချောင်းဦးမြို့နယ်တွင်း စစ်ရေးကိစ္စများ၊ စစ်ဆင်ရေးကိစ္စများအားလည်း မြို့နယ် တပ်ရင်းများနှင့် ခရိုင်ပကဖ၊ မြို့ နယ် ပအဖ၊ ပလဖ များ၊ မိတ်ဖက် Local တပ်ပေါင်းစုများမှ တပြိုင်နက် တပြေးညီအသိ ပေးထုတ်ပြန်မှသာ အတည်ပြုမှတ်ယူကြပါရန် တပါတည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် စလင်းကန်လည်ဆရာတော်၏ ဓါတ်တော်စေတီတို့ပါ ထိမှန်ပျက်စီး

သတင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် လူငယ်အချို့အား PDFဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေပြီး နှစ်ဦးအား သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းလုပ်ရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြှင့်တင်ရန် ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်းကိုးကန့်တပ်မတော်(MNDAA)ကထုတ်ပြန်သတိပေးလိုကက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူတစ်ဦးအား သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းမှ ဘုရားရွှေသင်္ကန်းဖိုး ၇ သိန်းကျပ်အားခိုးယူသွားသည်ဟုဒေသခံများက ပြောသည်။

Facebook