close
Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့အနီး တိုက်ပွဲတွေ ပြင်းထန်လာ

ကော့ကရိတ်မြို့ တဝိုက်မှာ တိုက်ပွဲတွေ က နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့အဖွဲ့ဝင် နဂါးဖြူတပ်ခွဲ – ၂ ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကော့ကရိတ်မြို့အနီး တိုက်ပွဲတွေ ပြင်းထန်လာ
ကော့ကရိတ်မြို့အနီး တိုက်ပွဲတွေ ပြင်းထန်လာ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ ပူးပေါင်းတပ် ထံကသိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်က မြဝတီ – ကော့ကရိတ်ဒေါနတောင်ပေါ် လမ်းဟောင်း ရန်ကုတ် ကျေးရွာ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်ကြား တစ်နေကုန်နီးပါးတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

“ရန်ကုတ် မိကျောင်းအင်းတစ်ဝိုက်ပေါ့၊ လမ်းဟောင်းဘက်ခြမ်းပေါ့ “လို့ တိုက်ပွဲ ဖြစ်ရာနေရာကို ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလ ၂၆ ရက်ကလည်း မြဝတီ- ကော့ကရိတ် အာရှလမ်းပိုင်းတစ်နေရာမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိတယ်လို့ PDF ၊တောင်ပိုင်း စစ်ဒေသ ပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့ တဝိုက်မှာ တိုက်ပွဲတွေ က နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့အဖွဲ့ဝင် နဂါးဖြူတပ်ခွဲ – ၂ ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မနေ့ အောက်တိုဘာလ ၂၈ ရက်ကလည်း တိုက်ပွဲ ထပ်မံဖြစ်ပွားတယ်လို့သိရပါတယ်။

ကော့ကရိတ်မြို့အနီးနဲ့ အာရှလမ်းမကြီးမှာရောက်ရှိနေတဲ့ အောင်ဇေယျ စစ်ကြောင်းမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ ပါဝင်ပြီး ဘားအံ၊ နဘူး၊ ကျုံဒိုးမြို့မှတဆင့် အင်အားဖြည့်တင်း ပို့နေတယ်လို့သိရပါတယ်။

ကော့ကရိတ်မြို့အနီး ဖြစ်ပွားတဲ့ တိုက်ပွဲ တွေကြောင့် မြို့ထဲကို လက်နက်ကြီး ကျည်ကျပြီး ဒေသခံ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်သည့် ကသည်းလက်နက်ကိုင်အဖွဲ့မှ သုံးဦးသေဆုံးပြီးတစ်ဦး အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သတင်း

အောက်တိုဘာ ၂၈ရက်တွင် ထန်တလန်မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်ဖွဲ့များထံ ရိက္ခာခဲယမ်းများ Y12 လေယာဉ်ဖြင့် ဖြည့်တင်းမှု ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ် မိုးမောက်နှင့် ဗန်းမော်မြို့နယ်အကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲနယ်မြေတွင် ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

Facebook