close
Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၃)နှင့် တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တို့တွင် စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တို့တွင် စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို) မြို့နယ်တွင် စစ်ကောင်စီတပ်က အောက်တိုဘာ ၂၅ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်ခံကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၂၆ရက်တွင်လည်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ သောင်ပု(ကတို)တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့်ပင် တောကြောင်ပေါက်ကျေးရွာနေ အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၅ရက်တွင် ဒူးပလာခရိုင် ဝင်းရေးမြို့နယ်(မွန်ပြည်နယ် ရေးမြို့နယ်)ကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါဗုံးသည် ဝင်းရေးမြို့နယ်၊ ပနောကျဲခီး ကျေးရွာသို့ ကျရောက်ပေါက်ကွဲရာ (၃၀)ကျော်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNUက အသိပေးသည်။

ထို့ပြင် ပြည်သူလူထုနေအိမ်နှင့် ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေများသို့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ဒေသခံ ပြည်သူလူထု ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဘုတလင်မြို့အနီး တနေရာကို စစ်ကောင်စီက ယနေ့(​အောက်တိုဘာ ၂၇ ရက်​နေ့)ည ၆နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

နိုင်ငံတကာအနေဖြင့် ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက်ကျူးလွန်နေမည် သာဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

သတင်း

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် KNU တပ်မဟာ (၅) နယ်မြေ ဆောဘွဲဒဲ ကျေးရွာထဲကို အောက်တိုဘာ ၂၅ ရက်က စစ်ကောင်စီလေတပ် ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဘုရားကျောင်းနဲ့ မူကြိုကျောင်း ထိခိုက် ပျက်စီးသွားတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက...

သတင်း

လောက်ကိုင် လေကြောင်း တိုက်ခိုက်မှု ပြည်သူ ၄ဦး ဒဏ်ရာရ

Facebook