close
Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းအချို့ကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်

အောက်တိုဘာ ၂၈ရက်တွင် ထန်တလန်မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်ဖွဲ့များထံ ရိက္ခာခဲယမ်းများ Y12 လေယာဉ်ဖြင့် ဖြည့်တင်းမှု ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

(ချင်းပြည်ကောင်စီ တပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Post)
(ချင်းပြည်ကောင်စီ တပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Post)

▪️ထန်တလန်တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်းမှရိက္ခာပို့ပေး

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါး-ထန်တလန်မြို့နယ်ကြား ကမ်တလန်း(Kiamtlang)ဒေသရှိ စစ်ကောင်စီတပ်စခန်းအပါအဝင် စခန်းအချို့ကို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၈ရက် စစ်ရေးအခြေအနေကို မေးမြန်းရာ ဟားခါးမြို့၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ၎င်းက ပြောသည်။

” ကမ်တောင်းပေါ့။ ဒေသဘာသာစကားနဲ့ဆိုရင် ကမ်တလန်းလို့ခေါ်တယ်။ အဲဒီမှာရှိတဲ့ စကစ ယာယီစခန်း ချင်းပြည်အစိုးရတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးရင် စကစ နေရာယူထားတဲ့ ရယ်အူးထန်းလို့ခေါ်တယ်။ အဲဒါလည်း သိမ်းပိုက်နိုင်ခဲ့တယ်။ နှစ်နေရာပေါ့။ ဟားခါးနဲ့ နီးစပ်တယ်။ဟားခါး – ထန်တလန်ကြားတော့ဖြစ်တယ်။ အဲဒီဘက်က နှစ်နေရာကို ကျနော်တို့ချင်းပြည်တပ်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထန်တလန်မြို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ရိက္ခာခဲယမ်း ဖြည့်တင်းမှုရှိသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၈ရက်တွင် ထန်တလန်မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်ဖွဲ့များထံ ရိက္ခာခဲယမ်းများ Y12 လေယာဉ်ဖြင့် ဖြည့်တင်းမှု ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

” ထန်တလန်ကတော့တိုက်ပွဲ အကြီး၊အငယ်ရှိပါတယ်။ စကစကလည်း သူတို့ တပ်ကုန်း ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်တာရှိပါတယ်။ ကျနော်တို့ဘက်က ခုခံတာ အဲဒါမျိုးနဲ့ တိုက်ပွဲရှိပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များစုဖွဲ့ထားသည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး ဇူလိုင်ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ဆုံးရှုံးထားသည့် တပ်စခန်းများ ပြန်လည် ရရှိရေး အင်အားဖြည့်ထိုးစစ်ဆင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်တပ်ထောက်ခံသည့် သင်္ဃန်းဝတ်ဝါသဝ၏ ပျူစောထီးတပ်အကူအညီဖြင့် မြို့ကို ထိန်းချုပ်ထားသည်။

သတင်း

စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်သည့် ကသည်းလက်နက်ကိုင်အဖွဲ့မှ သုံးဦးသေဆုံးပြီးတစ်ဦး အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သတင်း

လေယာဉ်ပျံဝဲမှုများရှိသည့်အပေါ် MNDAAကလည်း ပြန်လည်ပစ်ခတ်မှုရှိခဲ့သည်ဟု မနော်ဖောက ပြောသည်။ လေယာဉ်ကြောင့် ဒေသခံများ ဗုံးခိုကျင်း၌ ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။

သတင်း

လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကိုလည်း ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိသည်ဟု မန္တလေး PDFက အသိပေးသည်။

Facebook