close
Connect with us

Hi, what are you looking for?

သတင်း

BPLA အညာဒေသတပ်ရွှေ့ပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမည်

အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများ၊ အခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက ၎င်း​၏ လူမှုကွန်ရက်မှတဆင့် ယနေ့ အသိပေးသည်။

BPLA ရဲဘော်များ။ ဓာတ်ပုံ - Maung Saungkha

ဂျာမုန်း/People’s Spring

အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများ၊ အခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက ၎င်း​၏ လူမှုကွန်ရက်မှတဆင့် ယနေ့ အသိပေးသည်။

NUGကာကွယ်ရေးဝန်ကြီးနှင့်အတူတွေ့ရသော BPLA ကွပ်ကဲရေးမှူး။ ဓာတ်ပုံ – Maung Saungkha

ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်”ဟု BPLAကွပ်ကဲရေးမှူး ကိုဆောင်းခက လူမှုကွန်ရက်မှတဆင့် အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် BPLAသည် NUG လက်အောက်ခံတပ်မဟုတ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးထားသည်။

“သေချာတာတခုကတော့ BPLAဟာ NUG/MOD လက်အောက်ခံတပ် မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်”ဟု ကိုဆောင်းခက ဆိုသည်။

BPLAအနေဖြင့် တပ်တည်ထောင်ခြင်း (၃) နှစ်ကျော်ကာလအတွင်း ကနဦးအနေဖြင့် ကရင်ပြည်နယ် အမှတ်(၁၀၇)စစ်ဒေသနှင့် ရှမ်းမြောက်အခြေစိုက်အမှတ် (၂၀၃) စစ်ဒေသဟူ၍ အခြေစိုက်လှုပ်ရှားနယ်မြေ နှစ်နေရာရှိပြီး ယခုအခါ အညာဒေသ၌ပါ တိုက်ပွဲဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း ၁၀၂၇စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့ပြီးနောက် အဆိုပါ စစ်ဆင်ရေး (၁)နှစ်ပြည့်သည့် အောက်တိုဘာ ၂၇ရက်တွင် BPLAကွပ်ကဲရေးမှူးက အသိပေးသည်။

“ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”ဟု ကိုဆောင်းခက ရေးသားထားသည်။

လတ်တလောအနေဖြင့် BPLAသည် ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနှင့် ကရင်ပြည်နယ်အတွင်း ဖာပွန်မြို့သိမ်းစစ်ဆင်ရေးတို့၌ ဒေသခံတိုင်းရင်းသားတော်လှန်ရေးတပ်များနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်။

ထို့အပြင် တိုက်ပွဲဖော်ဆောင်သည့်ဒေသများ တိုးချဲ့လာသည့်အလျှောက် တပ်အင်အားဖြည့်တင်းရန် တပ်သားသစ်စုဆောင်းနေကြောင်းကိုလည်း အောက်တိုဘာ၁၃ရက်တွင် BPLAက အသိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

သတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ဦး​ဆောင်​​​သော ​တော်လှန်​ရေးတပ်များ ဇူလိုင် ၂၈ ရက်က စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော သံချပ်ကာယာဥ်သည် ယူကရိန်းနိုင်ငံထုတ် ​ BTR -3U ဖြစ်​နေသည်ကို​တွေ့ရသည်။

သတင်း

လားရှိုး မြို့တွင်​တော်လှန်​ရေးတပ်များသိမ်းပိုက်ထား​​သောစခန်း ၁၅ ခုအထိရှိလာ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)၏ တိုင်းရင်းသားတပ်မဟာ(၆၁၁)က လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၆၈)ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

Facebook