close
Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇စစ်ဆင်ရေးအတွင်း ကျဆုံးစစ်သည်များအတွက် စစ်ဆင်ရေးနှစ်ပတ်လည်နေ့တွင် TNLA အလှူဒါနပြုလုပ်

မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့နှင့်အတူ နွေတော်လှန်‌ရေးတပ်ဖွဲ့များ တော်လှန်ရေး အင်အားစုများ ပူပေါင်းပါ၀င်ခဲ့ဟု အသိပေး

၁၀၂၇စစ်ဆင်ရေးအတွင်း ကျဆုံးစစ်သည်များအတွက် စစ်ဆင်ရေးနှစ်ပတ်လည်နေ့တွင် TNLA အလှူဒါနပြုလုပ်နေစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

၁၀၂၇ စစ်ဆင်ရေးအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် တအာင်းတပ်မတော် (TNLA) တပ်မတော်သားများနှင့် ပူးပေါင်းတပ်မှ တပ်မတော်သားများအား ရည်စူး၍ စစ်ဆင်ရေးတစ်နှစ်ပြည့်ဖြစ်သည့် ယနေ့ အောက်တိုဘာ၂၇ရက်တွင် အလှူဒါနပြုလုပ်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

အဆိုပါ ကျဆုံးစစ်သည်များအတွက် ရည်ဇူးအလှူပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ကျဆုံးစစ်သည်များသည် တအာင်းပြည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံပြည်တွင်းရှိ တိုင်းရင်းသားပြည်သူလူထုများအား ရက်ရက် စက်စက်သတ်ဖြတ်နေသည့် အာဏာရှင်စစ်ကောင်စီတပ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံတော်လှန်တိုက်ခိုက်ရင်း အသက်ပေးလှူခဲ့ကြရခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၁၀၂၇စစ်ဆင်ရေး တစ်နှစ်အတွင်း အပိုင်း ၂ပိုင်းဖြင့် စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ရာ အပိုင်း(၁)တွင် တအာင်းတပ်မတော်မှ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင်လည်း လက်ကျန်မြို့ဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအချိန်တွင် တောင်းခမ်းစခန်းကိုသာ တိုက်ခိုက်သိမ်းပိုက်ရန်ကျန်ရှိသည်ဟု အသိပေးသည်။

TNLAနည်းတူ ကိုးကန့်တပ်မတော်(MNDAA)ကလည်း လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို သိမ်းပိုက်ထားသည်။

စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ့ အာဏာရှင်စစ်အုပ်စုများကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား PSLF/TNLA နှင့် မိဘပြည်သူလူထုများမှ အစဥ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်ကြောင်းလည်းဖော်ပြသည်။

မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် တစ်နှစ် တင်းတင်း ပြည့်မြောက်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့နှင့်အတူ နွေတော်လှန်‌ရေးတပ်ဖွဲ့များ တော်လှန်ရေးအင်အားစုများ ပူပေါင်းပါ၀င်ဆင်နွှဲ‌သော စစ်ဆင်ရေးလည်း ဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့်လည်း ၎င်းတို့ လက်လွတ်ဆုံးရှုံးထားရသည့် နယ်မြေများ ပြန်လည်ရရှိရေး ကြိုးပမ်းနေပြီး လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်ကာ TNLAနှင့် MNDAA ထိန်းချုပ်ထားသည့် မြို့ရွာများကို အကြိမ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တစ်နှစ်အတွင်းTNLAက မြို့ ၁၂မြို့၊ စစ်ကောင်စီတပ်စခန်း ၁၅၀ကျော်သိမ်းနိုင်ခဲ့ဟု အသိပေး၊ နောင်ချို တောင်းခမ်းအမြောက်တပ်ရင်း ၂ ခု၌ တိုက်ပွဲပြင်းထန်၊ နောင်ချိုနှင့် နမ့်ခမ်းကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်

သတင်း

လောက်ကိုင် လေကြောင်း တိုက်ခိုက်မှု ပြည်သူ ၄ဦး ဒဏ်ရာရ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တိုက်ခိုက် သိမ်းပိုက်ထားသည့်လောက်ကိုင်မြို့ကို ယမန်နေ့ညတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

တရုတ်အစိုးရနှင့် စစ်ကောင်စီ၏ ဖိအားကို MNDAA၊ TNLAနှင့် KIA တို့ အတူလက်တွဲရင်ဆိုင်ပြီး စစ်အာဏာရှင်စနစ် တိုက်ထုတ်ရေး အရှိန်မလျှော့ရန်လိုဟု တိုက်တွန်း

Facebook