သုည/People’s Spring
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)နှင့် Revolution Tokyo Myanmar – R.T.M တို့ပူးပေါင်းကာ “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါအင်္ကျီများ ဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရနေရာများတွင် ယနေ့ (အောက်တိုဘာ ၂၇)က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
စစ်တပ်မှကျူးလွန်နေသည့် စစ်ရာဇဝတ်မှုမှတ်တမ်းများအား အထူးအလေးအနက်ထားအရေးယူရန်၊ လွတ်မြောက်ဒေသ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ တိမ်းရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုများနှင့် ရန်ကုန်ရှိ ပြည်သူများအားလုံး ရန်ကုန်တွင် ပြန်ဆုံကြစေရန် ရည်ရွယ်၍ “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုအား တိုကျိုမြို့တွင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း RTM အဖွဲ့က
အဆိုပါ “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုအား ရေဘဝဲမှ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ခြေရင်းတွင် စတင်ခဲ့ပြီး မြို့လယ်ရှိအထင်ကရနေရာများ၌ လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ပါဝင်လှုပ်ရှားခဲ့ကြသော ရေဘဝဲရဲဘော် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦးနှင့် ဆက်စပ် (၂) ဦးအား စစ်တပ်မှ အကျဥ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ထားသည်။
