close
Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့‌ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးနှင့် စစ်မှူးထမ်းဟောင်းရုံးနေရာကို အောက်တိုဘာ ၂၄ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ထိခိုက်သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲခံရပြီး နောက် အပျက်အစီးများအား စက်တင်ဘာ ၂၆ရက်ကတွေ့ရစဥ် ။ဓာတ်ပုံ - AA

ရေအေး/People’s Spring

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးနှင့် စစ်မှူးထမ်းဟောင်းရုံးနေရာကို အောက်တိုဘာ ၂၄ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ထိခိုက်သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။

သံတွဲမြို့ အံတော်ရပ်ကွက်ရှိ အဆိုပါ နေရာနှစ် ခုကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး မြို့တွင်းနောက်တစ်နေရာကိုလည်း ဗုံးတစ်လုံးကြဲချခဲ့သည်ဟု မြို့ခံသတင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ် အဆောက်အအုံပျက်စီးမှုအခြေအနေများကို မသိရှိရသေးပေ။

သံတွဲမြို့ကို ပြီးခဲ့သည့် ဧပြီတွင် အာရက္ခတပ်တော်(AA)က တိုက်ခိုက်ပြီးနောက် ဇူလိုင်တွင် စစ်ကောင်စီစခန်းများအားလုံး သိမ်းယူခဲ့သည်။

နောက်ဆုံးကျန်ရှိနေသည့် မောင်ရွှေလေးရေတပ်စခန်းကို စက်တင်ဘာ ၅ရက် ညနေတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း AAက စက်တင်ဘာ ၆ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏လေကြောင်းရန်ကြောင့် ဒေသခံများပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ ယာယီ စစ်ဘေးရှောင်စခန်းများ၌ နေထိုင်ကြသည်။

စက်တင်ဘာ၂၆ ရက်နံနက်ကလည်း စစ်ဘေးရှောင်များ ခိုလှုံနေသည့်သံတွဲမြို့နယ်ခန်းမနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချရာ စစ်ဘေးရှောင် ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။

AAသည် ရခိုင်ပြည်နယ်မှ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်နေပြီး စစ်ရှုံးစစ်ကောင်စီသည် အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက် နေသည်ဟု AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးနှင့် သိန္နီမြို့ကို စစ်ကောင်စီက ယနေ့ည ၈နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နေ့လည်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် အရပ်သား တစ်ဦးသေဆုံးပြီး စက်ရုံအဆောက်အဦး ပျက်စီးမှုများ ရှိခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က သတင်းထုတ်ပြန်သည်။

သတင်း

တရုတ် နှင့် MNDAA ​တွေ့​ဆုံစဥ်​​ ​ရော ၊​တွေ့ပြီး​နောက်ပိုင်းတွင်ပါ ဗုံးဆက်ကြဲ​နေခြင်းဖြစ်

သတင်း

ဘုတလင်ဖြစ်ရပ်အပါအဝင် စစ်ကောင်စီ၏ ဆိုးရွားသည့်စစ်ရာဇဝတ်မှုကျူးလွန်မှုများပြုစုပြီး နိုင်ငံတကာထံ အသိပေးရန် ညွှန်ကြား