ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ ရှမ်းနီတပ်ဖွဲ့(SNA)၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဖားကန့် တာမခံ ဆယ်ဇင်းနားက ပန်ဆေးဆိုတဲ့ SNAပေါ့ ရှမ်းနီတပ်ဖွဲ့တွေကို ဒီမနက် ၅နာရီလောက်မှာ အပြီးသတ်သိမ်းယူလိုက်တယ်။ အဲဒီတပ်ကို”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ရှမ်းနီတပ်ဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ယခင်ကလည်း KIAနှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။
ဆယ်ဇင်းဒေသရှိ SNA တပ်စခန်း သိမ်းပိုက်နိုင်မှုနှင့် လက်နက်ခဲယမ်း ၊ စစ်သုံ့ပန်းရရှိမှု ရှိ၊မရှိ အခြေအနေများ ဆက်လက်စုံစမ်းဆဲဖြစ်သည်။
ယခင်ကလည်း ဆယ်ဇင်းဒေသရှိ စစ်ကောင်စီနှင့် ရှမ်းတပ်ပူးပေါင်းတပ်များ၏ စခန်းအချို့ကို KIAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
KIA အနေဖြင့် ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများစွာ ကို သိမ်းပိုက်ထားပြီး မြို့ ဧရိယာ၏ထက်ဝက်ကျော်ကို စိုးမိုးထိန်းချုပ် ထားသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားသည်။
