close
Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ ယနေ့ လေကြောင်းတိုက်ခိုက်မှု အရပ်သား တစ်ဦးသေဆုံး

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နေ့လည်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် အရပ်သား တစ်ဦးသေဆုံးပြီး စက်ရုံအဆောက်အဦး ပျက်စီးမှုများ ရှိခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က သတင်းထုတ်ပြန်သည်။

လားရှိုးမြို့အား ယနေ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နေ့လည်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် အရပ်သား တစ်ဦးသေဆုံးပြီး စက်ရုံအဆောက်အဦး ပျက်စီးမှုများ ရှိခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁နာရီ ၁၃မိနစ်မှ ၁နာရီ ၄၅မိနစ်တွင်း စစ်ကောင်စီက လားရှိုးမြို့ မယ်ဟန်ကျေးရွာရှိ ရွှေမြင်းနှစ်ကောင်စက်ရုံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ပေါင်ချိန်များသော ဗုံး လေးလုံးထက်မနည်း ကြဲချခဲ့ရာ အရပ်သားတစ်ဦးသေဆုံးကာ စက်ရုံအဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး စက်ရုံအနီးရှိ မျိုးရိုးဘိုးဘွားခန်းမတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လားရှိုးဒေသ မြေပြင်သတင်းများ ဖော်ပြနေသည့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်လည်း လေကြောင်း တိုက်ခိုက်ခံရမှု သတင်းကို ဖော်ပြရာ ယနေ့နေ့လည်တွင် စစ်ကောင်စီက လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့်

အနီးတစ်ဝိုက်ကို ပေါက်ကွဲအားပြင်းထန်းသောဗုံးငါးလုံးကြဲချခဲ့ဟု အသိပေးသည်။

ပေါက်ကွဲမှုကြောင့် ရွှေမြင်းနှစ်ကောင်စက်ရုံအဆောက်အအုံအပါအဝင် အနီးပတ်ဝန်းကျင်ရှိအဆောက်အဦးများစွာပျက်စီးဆုံးရှုံးခဲ့ရပြီးဆိုင်ကယ်စီးနှင်းလာသူ အပြစ်မဲ့ပြည်သူတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ရသည်ဟု ဖော်ပြသည်။

စစ်ကောင်စီအနေဖြင့် လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ဩဂုတ်လမှ ယနေ့အထိ အကြိမ် ၃၀ခန့်ရှိကြောင်း ထုတ်ပြန်သည်။

” သေဆုံးသူများစွာ ၊ထိခိုက်နာကျင်ခဲ့ရသူများစွာ၊ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရတဲ့ပြည်သူများ အနေနဲ့ များစွာ ထိတ်လန့်တုန်လှုပ်နေကြရပါတယ်။”ဟုလည်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။

ပြည်သူများကို မငဲ့ကွက်ဘဲ စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို လေကြောင်း တိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုကို ရက်စက်စွာ ကျူးလွန်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်မတော်(MNDAA)က ဩဂုတ် ၃ရက်တွင်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သည် ဩဂုတ် ၃၀ရက်မှစ၍ မြို့ပေါ်နှင့် မြို့နယ်အတွင်း နေရာဒေသများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ဦးထက်မနည်းသေဆုံးကာ ၅၀ဦးကျော် ဒဏ်ရာရခဲ့ကြောင်း ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ် ဦးဇော်ဆန်က ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA)က လူထိခိုက်သေဆုံး စာရင်းအသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးဘဲ သုံးလကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကိုးကန့်ဒေသ၌ ထိခိုက်သူနှင့် သေဆုံးသူ ၁၀၀ ကျော်ရှိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးနှင့် သိန္နီမြို့ကို စစ်ကောင်စီက ယနေ့ည ၈နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

တရုတ် နှင့် MNDAA ​တွေ့​ဆုံစဥ်​​ ​ရော ၊​တွေ့ပြီး​နောက်ပိုင်းတွင်ပါ ဗုံးဆက်ကြဲ​နေခြင်းဖြစ်

သတင်း

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးနှင့် စစ်မှူးထမ်းဟောင်းရုံးနေရာကို အောက်တိုဘာ ၂၄ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ထိခိုက်သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။

သတင်း

ဘုတလင်ဖြစ်ရပ်အပါအဝင် စစ်ကောင်စီ၏ ဆိုးရွားသည့်စစ်ရာဇဝတ်မှုကျူးလွန်မှုများပြုစုပြီး နိုင်ငံတကာထံ အသိပေးရန် ညွှန်ကြား