close
Connect with us

Hi, what are you looking for?

သတင်း

KIA ပန်ဝါမြို့သိမ်းယူပြီး​နောက် တရုတ်ကမီးဖြတ်ပြီး ​မြေရှားတူး​ဖော်မှုရပ်တန့်

ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်ကလျှပ်စစ်မီးဖြတ်​တောက်လိုက်ပြီး မြေရှားသတ္တုတူးဖော်၏လုပ်ကွက်များလည်းရပ်တန့်သွားကြောင်းစုံစမ်းသိရသည်။

ကချင်ပြည်နယ်ရှိ​မြေရှားသတ္ထုလုပ်ကွက်များ။ ဓါတ်ပုံ-Global Witness / Maran

လူအေး/People’s Spring

ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်ကလျှပ်စစ်မီးဖြတ်​တောက်လိုက်ပြီး မြေရှားသတ္တုတူးဖော်၏လုပ်ကွက်များလည်းရပ်တန့်သွားကြောင်းစုံစမ်းသိရသည်။

KIA သည် ပန်ဝါမြို့မှ စစ်​တပ်စခန်း၊ပြည်သူ့စစ်စခန်းနှင့် နယ်ခြား​စောင့်တပ်စခန်းများကို အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်အောက်တိုဘာ ၁၈ရက် ညတွင် အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပန်ဝါမြိုကိုKIAကအပြီးသတ်သိမ်းပိုက်ပြီး​နောက်နယ်စပ်ဂိတ်ကို တရုတ်က ပိတ်လိုက်သလိုအောက်တိုဘာလ၁၉ရက်နံနက်မှစ၍ လျှပ်စစ်မီးပါဖြတ်တောက်လိုက်ခြင်းဟု ပန်ဝါမြို့ခံများကပြောသည်။

“လျှပ်စစ်မီးပါ ဖြတ်လိုက်ပြီ။ မြေရှားတူးတဲ့ဆိုက်တွေလည်း ရပ်ထားတယ်။ အခုလက်ရှိ လျှပ်စစ်မီးအတွက်ကို မီးစက်တွေမောင်းသုံးရတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

KIA ကမသိမ်းပိုက်ခင်စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိမ်းခေါင်းဆောင်သည့် ကချင်ပြည်နယ်ကြားစောင့်တပ်(BGF) အုပ်ချုပ်ခဲ့သည့် ပန်ဝါမြို့၌ မြေရှားသတ္တုလုပ်ကွက်အများအပြားရှိသည်။

အဆိုပါ လုပ်ကွက်များကို တရုတ်နိုင်ငံသားများနှင့် BGFက စာချုပ်ချုပ်ဆိုပြီးအကျိုးတူ တူးဖော်ခြင်းဟု ဒေသခံများကပြောသည်။

ယခုအခါ ပန်ဝါမြို့ကို KIA က သိမ်းယူပြီးနောက် ဦးဇခုန်တိန့်ယိမ်းလည်း မြို့၌ မရှိတော့သလို BGF တပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြောင်း သိရသည်။ KIAသည် ပန်ဝါမြို့အုပ်ချုပ်ရေးအတွက်ဆောင်ရွက်နေပြီး လတ်တလောဒေသအခြေအနေ၏လိုအပ်ချက်အရ ဦးဇခုန်တိန့်ယိမ်းနှင့် BGF ပိုင်အိမ်များကို ချိတ်ပိတ်ထားကြောင်း KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများအားဖြေကြားထားသည်။

တရုတ်ဘက်မှနယ်စပ်ဂိတ်ပြန်မဖွင့်သေးသလို လျှပ်စစ်မီးလည်း ဖြတ်တောက်ထား၍ ဒေသခံများအတွက် စားသောက်ကုန်ရရှိရေးအပါအဝင် အခက်အခဲများကြီးမားလာနိုင်ကြောင်း မြို့ခံအချို့ကပြောသည်။

“ကျတော်ထင်တယ်။ မကြာခင်ပြန်ဖွင့်မယ်လို့။ အခု‌ မြေရှားဆိုက်တွေမှာ တရုတ်တွေပဲ ယောင်လည်လည်ဖြစ်နေတယ်။ သူတို့က BGF နဲ့ စာချုပ်ချုပ်ထားတာဆိုတော့ ဒီတခါတော့ သူတို့ခံရတာ။ ဒီလုပ်ငန်းကို သူတို့အကြာကြီးမရပ်ရဲဘူးလို့ကျွန်တော်ထင်တယ်” ဟု ပန်ဝါဒေသခံတဦးကပြောသည်။

ထိုအပြင် မြေရှားသတ္တုရရှိရေးသည် တရုတ်အတွက်အလွန်အရေးပါသည်။

ယူနန်ပြည်နယ််နှင့် ဆက်စပ်နေသော ချီဖွေ၊ပန်ဝါဒေသအပါအဝင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်‌ခဲ့​သော ကချင် အထူး​ဒေသ (၁) အတွင်းရှိ ဒေသများသည် တရုတ်၏ မြေရှားသတ္တုလိုအပ်ချက်ကိုဖြည့်ဆည်းပေးနေပြီး ဒေသထွက် မြေရှားသတ္တု၏၇၅ ရာခိုင်နှုန်းသည် တရုတ်သို့တင်ပို့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း မြန်မာနိုင်ငံမှ တရုတ်သို့ အမေရိကန်ဒေါ်လာ သန်းခြောက်ရာ ကျော်တန်ဖိုးရှိသော မြေရှားသတ္တုတန်ချိန်၂၆,၈၉၂ တင်ပို့ခဲ့ကြောင်း တရုတ်အစိုးရ၊ အကောက်အခွန်ဌာန (china custom) ၏ ပြီးခဲ့သည့်စက်တင်ဘာလကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၇ရက်က ဦးဇခုန်တိန့်ယိမ်းက စစ်မိန့်ဟုဆိုကာ သူ့လက်အောက်က နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများ၊ ဒေသလက်နက်ကိုင် ပြည်သူ့စစ် ရဲဘော်များအား သူKIA နှင့်PDF ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ချေမှုန်းရန် စစ်မိန့် ပေး‌ခဲ့သည်။ယင်း အမိန့်သည် ” မထုတ်ပြန်သင့်သော စစ်မိန့်” ဟု KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က စက်တင်ဘာလ ၁၀ ရက်တွင် မှတ်ချက်ပြုပြောကြားပြီးနောက် ဦးဇခုန်တိန့်ယိမ်းထိန်းချုပ်ဒေသများကို ဆက်တိုက် ထိုးစစ်ဆင်သိမ်းယူခဲ့ခြင်းဖြစ်သည်။

KIA က ချီ​ဖွေမြို့ကို စက်တင်ဘာလကုန်ပိုင်း ၊ ​ဆော့​လော်မြို့ကို ​အောက်တိုဘာ လဆန်းနှင့် ပန်ဝါမြို့ကို ​အောက်တိုဘာ ၁၈ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်တပ်လက်​အောက်ခံ ဦးစခုန်တိန့်ယိန်း၏ နယ်ခြား​စောင့်တပ် ၁၀၀၂ ၊ ၁၀၀၃ တပ်ရင်းတို့ကိုသိမ်းပိုက်ထိန်း ချုပ်ထားပြီး မြန်မာ-တရုတ် နယ်စပ်ဖီ​မော်​ဒေသရှိ အမှတ် (၁၀၀၁ ) နယ်ခြား​စောင်းတပ်ရင်းသာ ကျန်ရှိ​တော့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင် အိမ်သုံးပစ္စည်းများအားလုံးကို မြန်မာနိုင်ငံဘက်သို့ တင်သွင်းမှုကို တရုတ်နိုင်ငံဘက်က ပိတ်ပင်လိုက်ကြောင်း နှစ်နိုင်ငံနယ်စပ်မှ ကုန်သည်အချို့ကပြောသည်။

သတင်း

တရုတ် - မြန်မာနယ်စပ် ကန်ပိုက်တီမြို့လုံခြံရေးတပ်ဖြစ်သော စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) - ၁၀၀၃ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အတည်ပြု ဖော်ပြသည်။

သတင်း

မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပမ်းနှင့် လက်နက်ခဲယမ်းများစွာရ၊ လက်နက်ဖွက် အရပ်ဝတ်လဲ တပ်ဖျောက်ထားခြင်းရှိ၍ လုံခြုံရေးဂရုစိုက်နေရဆဲဟု သတိပေး

သတင်း

မြန်မာနိုင်ငံဘက်​ရောက်​နေ​သောတရုတ်နိုင်ငံသားနှင့်ကားများပြန်ဝင်ရန်သာ တရုတ်ကဂိတ်ဖွင့်

Facebook