close
Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းအရှိန်​ကြောင့် ​ဒေသအများစု မိုးကြီးပြီး​လေပြင်းတိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ကချင် ၊ ချင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသအများစု၌မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတိပေးချက်ထုတ်ပြန်သည်။

လူအေး/People’s Spring

ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ကချင် ၊ ချင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသအများစု၌မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတိပေးချက်ထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် “DANA” အမည်တပ် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမည်ဖြစ်ပြီး အောက်တိုဘာလ၂၅ရက် နံနက်တွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်ကြောင်း အိန္ဒိယမိုးဇလဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မုန်တိုင်း၏အရှိန်ကြောင့်ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မြေလတ်ဒေသများ နှင့် တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် ရခိုင်ရိုးမတောင်တန်းတလျှောက် မိုးကြီးခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု MOHADMက အောက်တိုဘာလ၂၃ရက်နံနက်ပိုင်း၌ ခန့်မှန်းထားသည်။

ထို့အပြင်မြန်မာ့ကမ်းရိုးတန်းတလျောက်တွင် လှိုင်းအလွန်ကြီးနိုင်ပြီးလေတိုက်နှုန်းမှာတစ်နာရီလျှင် (၂၅)မိုင် မှ မိုင် (၄၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု သတိပေးထားသည်။

ထို​ကြောင့်ကမ်းနီးကမ်းဝေးရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ကြောင်းလည်းအကြုံပြုထားသည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် “DANA”ဆိုင်ကလုန်းမုန်တိုင်းမဖြစ်မီ လေဖိအားနည်းရပ်ဝန်းဖြစ်နေချိန်တွင်ပင် ရန်ကုန်တိုင်းအပါအဝင် ဒေသအများအပြား၌ နေရာကွက်မိုးကြီးခဲ့သည်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုတွင် အောက်တိုဘာလ ၂၁ရက်နံနက်မှစ၍ ရေကြီးနစ်မြုပ်မှုရင်ဆိုင်ခဲ့ရပြီး ​အောက်တိုဘာ ၂၃ ရက်​နေ့မှသာမိုးအားလျော့သွားပြီး ရေအနည်းငယ်ပြန်ကျခြင်းဖြစ်သည်။ ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်(၁၂)၌ လမ်းမပေါ် ရေတက်နေစဉ် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှု ​အောက်တိုဘာ ၂၃ ရက်နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်းက ဩရိသ ပြည်နယ်ဟာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်စေပြီး ကျောင်းတွေကိုလည်း ပိတ်ထားခိုင်းလိုက်ပါတယ်။

နိုင်ငံတကာ

ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဒီဇင်ဘာ ၆ ရက်မှာ မိကျောင်းဟာ ဆိုင်ကလုန်း အဆင့်ကနေ လေဖိအားနည်း ရပ်ဝန်းအဆင့်ထိ အားပြန်လျော့သွားပေမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဆက်ရှိနိုင်တယ်လို့လည်း သတိပေး ကြေညာထားပါတယ်။

သတင်း

အိန္ဒိယမိုးဇလ ခန့်မှန်းချက်အရ မုန်းတိုင်းဖြတ်သန်းမည့်လမ်း​ကြောင်းတွင် မြန်မာမပါဝင်​သော်လည်း မုန်းတိုင်းစက်ကွင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ​ဒေသအချို့ပါဝင်​နေသည်။

သတင်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ကစလို့ ပြည်တွင်း လုံခြုံရေး ပိုမို ဆိုးရွားလာခဲ့ခြင်းကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် ပိုပြီး ဘက်ပေါင်းစုံ အခြေအနေတွေကို အလေးထား စဉ်းစားလာရစေကြောင်း သိရပါတယ်။

Facebook