ကျော်ဇော/People’s Spring
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်လျှက်ရှိရာ စစ်တပ်မှ အတင်းအဓမ္မစုဆောင်း ထားသော တပ်သားသစ်လူငယ်ရာချီအားရှေ့တန်းပို့နေကြောင်းမြိတ်ခရိုင် တပ် ရင်း(၁)၊ ပုလော PDF က အောက်တိုဘာ ၁၉ ရက်တွင်ထုတ်ပြန်သည်။
တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အင်အား ဆယ်ဂဏန်းထက်မနည်း သေဆုံးထိခိုက်မှူများရှိသော်လည်း တပ်သားသစ်အဖြစ် အဓမ္မစု ဆောင်းခြင်းခံရသည့် လူငယ်များ၏ အသက်ကိုစတေးကာ လူသားမဆန်စွာ ပြုမူလျက်ရှိသည်ဟုပုလော PDF ကတိုက်ပွဲဖြစ် ပွားမှု ၆ ရက်မြောက်သည့် ယအောက်တိုဘာလ ၁၉ ရက်တွင်အသိပေးထုတ်ပြန်သည်။

Public Service Announcement
“လက်ရှိ သိမ်းဆည်းရမိတဲ့ အလောင်းတွေ သူတို့ မှတ်ပုံတင် အချက်အလက်တွေအရ ၂၀၀၀ ခုနှစ်နောက်ပိုင်းဖွားတွေ ပိုများတာတွေ့ရတယ်။ အထူးသဖြင့် ဧရာဝတီနဲ့ ရှမ်းတောင်ဘက်က လူငယ်တွေ များတယ်”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက စစ်တပ်မှရှေ့တန်းပို့ထားသည့် တပ်သား သစ်များ၏အခြေအနေကို လူထုနွေဦးသို့ ပြောသည်။
တိုက်ပွဲများတွင်စစ်ကောင်စီကလေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အ မြောက်အမြားဖြင့် တိုက်ခိုက်သော်လည်း ၎င်းတို့၏ ရည်မှန်းချက်နေရာကို ထိုးဖောက်နိုင်ခြင်းမရှိသေးသော်လည်း လက်လျော့မည့် အနေအထားမရှိဘဲ ဆက်လက်၍ အဓမ္မစု ဆောင်းခြင်းခံရသည့် လူငယ်များကို မရဏလမ်းသို့ ပို့နေဦးမည်သာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အတင်းဓမ္မစုဆောင်းခြင်းခံရသည့် လူငယ်များအနေဖြင့်လည်း လက်ရှိအခြေအနေမှ အသက်ရှင်လွတ်မြောက်ရန် စစ်ကောင်စီတပ်ထံမှ ထွက်ပြေးလွှတ်မြောက်ရန်လိုကြောင်း၊ စစ်ကောင်စီအနေဖြင့် စစ်မှုထမ်း လူငယ်များအား တန်ဖိုးထားခြင်း လုံးဝမရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း စစ်ကောင်စီတပ်၏ ယူနီဖောင်းဝတ်ဆင်၍ လက်နက်ကိုင်ထားသူမှန်သမျှကို ချေမှုန်းမည်သာဖြစ် ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။
“သို့ဖြစ်ပါ၍ စစ်မှုထမ်း လူငယ်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဆန့်ကျင်၍ အသက်ရှင်မည့်လမ်းကို ကိုယ် လွတ်ရုန်းထွက်ပြေးရန် တိုက်တွန်းလိုသည်” ဟုတိုက်တွန်း ထားသည်။
လတ်တလောအခြေအနေများအရ မြိတ် – ပုလော – ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး၌ တိုက်ပွဲများ ဆက်လက်ပြင်း ထန်နိုင်ခြင်းကြောင့် မိဘပြည်သူများအနေ ဖြင့် အမှတ်(၈) ပြည် ထောင်စုလမ်းမကြီးအား အသုံးပြု၍ ခရီးသွားလာခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။
