close
Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်၊ ပင်လယ်ပြင်အတွင်း စစ်ရှောင် ၁၀၀ခန့် လိုက်ပါလာသော စက်လှေ နစ်မြုပ်ပြီး အများစု ‌ပျောက်ဆုံးနေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ခန့်လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ပြီး အများစုပျောက်ဆုံးနေဆဲဖြစ်ကြောင်း ​ဒေသခံအချို့က ပြောသည်။

လူအေး/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ခန့်လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ပြီး အများစုပျောက်ဆုံးနေဆဲဖြစ်ကြောင်း ​ဒေသခံအချို့က ပြောသည်။

ကင်းမွန်ငါးဖမ်းမီးထွန်းလှေသည် ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် အောက်တိုဘာ ၂၀ ရက်နေ့ ည ၉ နာရီခန့်က နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ​ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုကြောက်လို့ ပြေးသူတွေရော၊ ကျောင်းတက်ဖို့ လိုက်သွားတဲ့ ကျောင်းသားတွေရော ပါသွားတာပါ။ ၁၀၀ လောက်ရှိတယ်တောင် ကြားနေရပါတယ်။ တခါတခါ သွားရဖို့လည်း မလွယ်တော့ စုပြုံတက်ရင်း ဖြစ်တာ” ဟု ပုလောမြို့ခံတစ်ဦးကပြောသည်။

အရပ်ဘက်အဖွဲ့များပါသည့် ကယ်ဆယ်ရေး‌အဖွဲ့များနှင့် ဒေသခံများက ရှာဖွေကယ်ဆယ်ရေးလုပ်နေသော်လည်း စစ်ကောင်စီလေကြောင်းရန်ကို ကြောက်နေရ၍ မထိရောက်ကြောင်း ​ဒေသခံအချို့ကပြောသည်။

ပုလောမြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏ ပြုလုပ်​နေသည်။ စစ်လှေပေါ်၌ လိုက်ပါလာသူများသည် မြို့နယ်အတွင်း ရွာများမှ စစ်ဘေးရှောင်ရန် ကြိုးစားကြသူများဖြစ်ကြောင်း သိရသည်။

ယနေ့(အောက်တိုဘာလ ၂၁ရက်)နံနက်အထိ ၂၀ ဦးခန့်သာ ကယ်ဆယ်ထားနိုင်ပြီး ၈၀ခန့်ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။​ရေနစ်​သေဆုံးသူအချို့၏ ရုပ်အ​လောင်းများထဲတွင် လသားအရွယ် က​လေးငယ်တဦးပါဝင်သည်ကို​လည်းတွေ့ရသည်။

ပုလောမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်းမိုးရွာနေသလိုပင်လယ်၌လည်း မိုးသက်လေပြင်းကျနေသည်ဟု သတင်းရရှိသည်။

(စစ်​လှေနစ်မြုပ်ပြီး​သေဆုံးသူ အချို့၏ရုပ်အ​လောင်းများကို ကယ်ဆယ်​ရေးအဖွဲ့များကဆယ်ယူလာစဥ်။ဓါတ်ပုံ-ကယ်ဆည်​ရေးအဖွဲ့များ)

ဆက်စပ်သတင်းများ

သတင်း

လူ ၇၀ခန့်ပျောက်ဆုံးနေ၊ အသက်ရှင်လျှက် ကိုးဦးဆယ်ယူရရှိကာ

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ခန့်လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ပြီး အများစုပျောက်ဆုံးနေဆဲဖြစ်ကြောင်း ​ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပျက်စီး

Facebook