နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ဘုရားသုံးဆူ – သံဖြူဇရပ် လမ်းပိုင်းပေါ်က အနန်းကွင်း ဗျုဟာ စခန်း ကို KNU နဲ့ပူးပေါင်းတပ်တွေ က ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်ထံကသိရပါတယ်။
အနန်ကွင်းဗျုဟာ စခန်းကို သြဂုတ်လကစတင်တိုက်ခိုက်ခဲ့ရာမှာ အခုလ အောက်တိုဘာလ ဒုတိယပတ်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

Public Service Announcement
ဗျုဟာစခန်းမကျဖို့အတွက် စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီးခုခံသလို ပိတ်ဆိုခံထားရတဲ့စခန်းက တပ်ဖွဲ့ဝင်တွေအတွက် ခဲယမ်းရိက္ခာကို လေကြောင်းက ချပေးတာရှိနေပါတယ်။
ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းက အနန်းကွင်းဗျုဟာ စခန်းနဲ့ လွတ်ရှမ်းစခန်းတွေကို သြဂုတ်လကစတင်ပြီးတိုက်ခိုက်ရာမှာ စက်တင်ဘာလ ဒုတိယပတ်မှာတော့ လွတ်ရှမ်း စခန်းကို KNU က သိမ်းယူနိုင်ခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ အနန်းကွင်းဗျုဟာကို သိမ်းနိုင်ဖို့အတွက် KNU က ဆက်လက်ထိုးစစ်ဆင်နေတာပါ။
တိုက်ပွဲတွေ နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနန်းကွင်းရွာ အပါအဝင်အနီးတဝိုက်ရွာတွေ ဒေသခံတွေ စစ်ရှောင်နေကြရပါတယ်။
