close
Connect with us

Hi, what are you looking for?

သတင်း

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အားပေးအပ်ချီးမြှင့်သည့် အီတလီ နိုင်ငံတကာလူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ကိုယ်စားလက်ခံရယူ

မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား အီတလီ နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ပေးအပ်ချီးမြှင့်ရာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Aung Myo Min/FB

“ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်အုပ်စုကနေ မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာ သိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးရရှိရေးကို သတ္တိရှိရှိကူညီဆောင်ရွက်ပေးတဲ့ သူမဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန်သူတစ်ဦး ဖြစ်ပါတယ်”

— ဝန်ကြီးဦးအောင်မျိုးမင်း

အီယိုရီ/People’s Spring

မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား အီတလီ နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ပေးအပ်ချီးမြှင့်ရာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသည့် တရားလွှတ်တော် ရှေ့နေဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE)အဖွဲ့က နှစ်စဥ်ပေးအပ်နေသည့် Ludovic Trarieux International Human Rights Prizeကို ၂၀၂၄ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု၏ မတရားဖမ်းဆီးခံရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံထားရသူ ဒေါ်ရွက်နုအောင်မှာ ယမန်နေ့(အောက်တိုဘာ ၁၈ရက်)တွင် အီတလီနိုင်ငံ ရောမမြို့၌ ကျင်းပသော ဆုပေးအပ်ချီးမြှင့်ပွဲသို့ ကိုယ်တိုင်တက်ရောက်နိုင်ခြင်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားတက်ရောက် ဆုလက်ခံရယူခဲ့သည်။

“ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်အုပ်စုကနေ မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာ သိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးရရှိရေးကို သတ္တိရှိရှိကူညီဆောင်ရွက်ပေးတဲ့ သူမဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန်သူတစ်ဦး ဖြစ်ပါတယ်။ သူမပြောခဲ့ဖူးတဲ့စကားတစ်ခု ရှိပါတယ် “ကြားနာမှုမရှိပဲ ဘယ်သူမှစီရင်ပိုင်ခွင့်မရှိဘူး” ဆိုတဲ့စကားပါပဲ။ ဒီစကားအတိုင်းပဲ မတရားဖမ်းဆီးခံခဲ့ရသူတွေ တရားရေးဆိုင်ရာအခွင့်အရေးရဖို့ တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ သူမကိုယ်တိုင်သာ ဒီအခမ်းအနားတက်ရောက်ပြီး စကားပြောကြားခွင့် ရရှိခဲ့မယ်ဆိုရင် ဒီဆုဟာ သူမထက် မြန်မာပြည်သူတွေရဲ့ဆုလို့ ပြောမယ်ထင်တယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ့ ဒေါ်ရွက်နုအောင်သည် NLD အစိုးရလက်ထက် နိုင်ငံကျော်သက်ငယ်မုဒိမ်းမှု ဗစ်တိုးရီးယားအမှုတွင် နစ်နာသူကလေးငယ်ဘက်မှ ရှေ့နေလိုက်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဘက်မှ ရှေ့နေလိုက်ခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၂ ဧပြီလကုန်ပိုင်းက မန္တလေး အိုးဘိုအကျဥ်းထောင်အတွင်း ပြုလုပ်ခဲ့သော ဒေါက်တာဇော်မြင့်မောင်၏ ရုံးချိန်းတစ်ခုမှ အပြန်တွင် ဒေါ်ရွက်နုအောင်ကို မတရားဖမ်းဆီးခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၅)နှစ်ချမှတ်ခဲ့သည်။

ယမန်နေ့ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဒေါ်ရွက်နုအောင်သာ ကိုယ်တိုင်တက်ရောက်စကားပြောကြားခွင့်ရမည်ဆိုပါက သူမကဲ့သို့ အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကိုကြံ့ကြံ့ခံပြီး အကျဥ်းထောင်အသီးသီးတွင် ဖမ်းဆီးချုပ်နှောင်ခံနေရသော နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်သောင်းကျော်၏ ဆိုးရွားလှသည့် နှိပ်စက်ဖိနှိပ်ခံရမှုများကို တင်ပြလိမ့်မည်ဖြစ်ကာ တော်လှန်ရေးတွင် ကဏ္ဍအသီးသီးမှ ပါဝင်နေကြသော အမျိုးသမီးများ၏ ခွန်အား၊ သတ္တိများကို ဂုဏ်ယူစွာ ပြောပြလိမ့်မည်ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ဆိုသည်။

ထို့အပြင် မြန်မာ့အရေးကို စိုးရိမ်ပူပန်နေရုံသာမက ဖမ်းဆီးခံနေရသူများ အားလုံး လွတ်မြောက်အောင်ကြိုးပမ်းရန်၊ အကြမ်းဖက်စစ်အုပ်စုကို ဘဏ္ဍာငွေကြေး၊ လေယာဉ်ဆီနှင့် လက်နက်များ တင်ပို့ရောင်းချမှုများ ဖြတ်တောက်ရန်၊ စစ်ရာဇဝတ်သားများကို နိုင်ငံတကာတရားစီရင်မှု လမ်းကြောင်းအရ ထိရောက်စွာ အရေးယူနိုင်ရန်၊ ပြည်သူများလိုလားသည့် ဖက်ဒရာယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ဖော်ဆောင်နိုင်ရန် စသည့်အချက်များကို ဒေါ်ရွက်နုအောင်က တောင်းဆိုမည်မှာ သေချာကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ဖော်ပြသည်။

“ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လွပ်လပ်မှုနဲ့ တရားမျှတမှုတွေ ပြန်လည်ဖော်ဆောင်နိုင်တဲ့နေ့ကျရင် ဒီဆုရဲ့ ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ သူမလက်ထဲကို ကိုယ်တိုင်လွှဲပြောင်းပေးအပ်နိုင်မယ်လို့ ခိုင်ခိုင်မာမာယုံကြည်ပါတယ်” ဟု ကိုယ်စားဆုလက်ခံရယူခဲ့သူ ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အီတလီနိုင်ငံအခြေစိုက် IDHAE အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု(Ludovic Trarieux)ကို မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်မည်ဟု သိရသည်။

သတင်း

ဒေါ်ရွက်နုအောင်ဟာ လူသိများတဲ့ ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေလည်းဖြစ်ပါတယ်။

သတင်း

PDF ထောက်ပံ့ရေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင် ရုံးချိန်းကအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

သတင်း

ရှေ့နေ့ ဒေါ်ရွက်နုအောင်ကိုအနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်ထိ ချလို့ရတဲ့အကြမ်းဖက်ပုဒ်မ ၅၀ ည. နဲ့စစ်ကောင်စီက တရားစွဲထားတာပါ။

Facebook