close
Connect with us

Hi, what are you looking for?

သတင်း

ကန်ပိုက်တီကုန်သွယ်ရေးဇုန်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို စစ်ရှုံး​နေ​သောနယ်ခြား​စောင့်တပ်က အဓ္ဓမ​ခေါ်​ဆောင်

ပန်ဝါတိုက်ပွဲတွင် စစ်ရှုံးနေပြီး အင်အားနည်းနေသည့် စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်(BGF)က ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ယာဉ်မောင်းများ နှင့် ယာဉ်နောက်လိုက် ၁၀၀ ကျော်ကို အတင်းအဓမ္မစစ်သားသစ်စုဆောင်းသွားကြောင်း ​ဒေသခံအချို့က​ပြောသည်။

ပန်ဝါမြို့အဝင်ဆိုင်းဘုတ်။ဓါတ်ပုံ-စစ်​ကောင်စီ

လူအေး/People’s Spring

ပန်ဝါတိုက်ပွဲတွင် စစ်ရှုံးနေပြီး အင်အားနည်းနေသည့် စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်(BGF)က ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ယာဉ်မောင်းများ နှင့် ယာဉ်နောက်လိုက် ၁၀၀ ကျော်ကို အတင်းအဓမ္မစစ်သားသစ်စုဆောင်းသွားကြောင်း ​ဒေသခံအချို့က​ပြောသည်။

“ကန်ပိုက်တီက ကားသမားတွေကို ပေါ်တာဆွဲသွားတာ။ ဘယ်ကိုမှလိုက်လို့မရဘူးဖြစ်နေတယ်” ဟု ကန်ပိုက်တည်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်လက်​အောက်ခံနယ်ခြားစောင့်တပ်(BGF)က အတင်းအဓမ္မစစ်သားစုဆောင်းသွားသည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် အခြေ

အနေကို အသေးစိတ်မသိရှိရသေးပေ။ မိသားစုဝင်များသည် KIAကိုရော စစ်ကောင်စီ နှင့် နယ်ခြားစောင့်တပ်(BGF)ထံပါ ဆက်သွယ်၍ အကူအညီတောင်းထားကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့မှနေ၍ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါမြို့ဘက်သို့လာသည့် ကချင်အထူးဒေသ(၁)

ဘက်သို့ သွားလာခွင့်ပိတ်လိုက်ကြောင်းဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်နယ်ခြားစောင့်တပ်က အောက်တိုဘာ၄ရက်နေ့တွင် ကြေညာခဲ့သည်။ထိုသို့​ကြေညာ ပြီးနောက် ဒေသတွင်း၌ ပေါ်တာဆွဲမှုများ ဆက်တိုက်လုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ကချင်နယ်ခြားစောင့်တပ်က ယင်းကဲ့သို့ ကြေညာထားသော်လည်း ဆဒုံး ၊ချီဖွေ၊ ဆော့လော်မြို့တို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကဆက်တိုက်သိမ်းယူထားသည်။ ပန်ဝါမြို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ပန်ဝါမြို့အနီး၊ လုပြည်ကျေးရွာရှိအမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် (BGF) နှင့်ကာကင်းများကိုဆက်တိုက် သိမ်းယူ​နေသည်။

KIAသည် ပြီးခဲ့သည့် သြဂုတ်လကတိုက်ပွဲများအတွင်း ကန်ပိုက်တီမြို့ နှင့် ဆယ်မိုင်ကျော်အကွာ လဖိုင်ကျေးရွာအထိ သိမ်းပိုက်ခဲ့သော်လည်း ကန်ပိုက်တီမြို့အား ဆက်လက် ထိုးစစ်ဆင်ခြင်း မရှိသေးပေ။ ကန်ပိုက်တီမြို့နှင့် နယ်စပ်ကုန်သွယ်ရေးဇုန်သည် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်၌ရှိနေသည်။

“နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပိတ်ပစ်မှာစိုးလို့ KIAက ဆက်မသိမ်းတာ။ အဲ့အချိန်မှာ BGFက အရပ်သားတွေကိုပေါ်တာဆွဲနေတာပါ။ နောက်ပြီး ရက်တိုစစ်သင်တန်းတွေပေးပြီး တိုက်ပွဲတွေဘက်ကိုလွှတ်နေတယ်လို့ကြားပါတယ်”ဟုဒေသခံတဦးကပြောသည်။

စစ်တပ်လက်​အောက်ခံ ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီး၌ BGF တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီး၌ တပ်ရင်း၁၀၀၂၊ ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသ၌တပ်ရင်း ၁၀၀၃ ဟူ၍ ဖွဲ့စည်းပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်အုပ်ချုပ်နေသည်။

KIA သည် ကချင်အထူးဒေသ(၁)နယ်မြေရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို အပြီးသတ် သိမ်းပိုက်ထားပြီး မြန်မာ-တရုတ်နယ်စပ်မြို့ ပန်ဝါကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ပန်ဝါ နှင့် ၅မိုင်ခန့်အကွာရှိ BGF ၁၀၀၂ ဌာနချုပ် ပင်မ စခန်းများအပါအဝင် စခန်းအားလုံးကို KIA က​အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ ထို​ကြောင့် ပန်ဝါအခြေစိုက် စစ်ကောင်စီ ဗျူဟာ၊ ခလရ(၂၉)၊ BGF ၁၀၀၁ နှင့် ၁၀၀၃ ၊ ပြည်သူ့စစ်အင်အားများသာ ကျန်တော့သည်ဟုစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ဆက်စပ်သတင်းများ