စောနွေဦး/People’s Spring
စစ်ကောင်စီတပ်က မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ညောင်ရွာနှင့် အကြည်ဘန်းကျေးရွာကြား စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(အောက်တိုဘာ ၁၆ ရက်) ညနေပိုင်းက ဗုံးလေးလုံးကြဲတိုက်ခိုက်ရာ ညောင်ကျေးရွာအနီးကို ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဟု ထီးလင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
“အကြည်ဘန်းနဲ့ ညောင်ရွာကြားကို ကြဲသွားတာလေ။ ညောင်ရွာနားကို ကျတာ အကြည်ဘန်းကလာတဲ့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်”ဟု အဆိုပါဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာအတွင်း စစ်ကောင်စီတပ်က ဂန့်ဂေါခရိုင်မြောက်ပိုင်းကို လေကြောင်းမှ အကြိမ်ကြိမ်ဗုံကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာ ၁၄ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့သည်ဟု ဒေသတော်လှန်ရေးတပ်များက ပြောသည်။
ထို့အပြင် အောက်တိုဘာ ၅ ရက်ကလည်း ကျင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
