close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ တော်လှန်ဆီမီးသပိတ်တွေ ပြုလုပ်

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ဆီမီးသပိတ်တွေ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၁၇) မှာ အသီးသီး ဆင်နွှဲခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ဆီမီးသပိတ်တွေ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၁၇) မှာ အသီးသီး ဆင်နွှဲခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ဒေသခံပြည်သူလူထုနဲ့ ပူးပေါင်းကာ မီးပုံးပျံတွေ လွှတ်တင်ခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊ ဆီမီးပူးဇော်ထွန်းညှိခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြပြီး ဓမ္မဘက်တော်သား၊ ဓမ္မဝါဒီတွေကို ဂုဏ်ပြုတဲ့ တော်လှန်ဆီမီးသပိတ် ပြုလုပ်ခဲ့ပါတယ်။

ကနီမြို့နယ်မှာလည်း ဒေသခံပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးသပိတ်အင်အားစုတွေ ဦးဆောင်ကာ ကနီ-မုံရွာ ကားလမ်းမကြီးတနေရာမှာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်းနဲ့ ၁၀၂၇ လှိုင်းတွေကို ထောက်ခံကြောင်း စာတန်းဖော်ဆောင်ကာ တော်လှန်သီတင်းကျွတ်ညသပိတ် ဆင်နွှဲခဲ့ပါတယ်။

အရာတော်မြို့နယ်မှာလည်း သပိတ်အင်အားစုတွေ ပူးပေါင်းဦးဆောင်ကာ “လူထုအနာဂါတ်ကို တော်လှန်ဆီမီးနဲ့ထွန်းညှိကြ”၊ “ဆီမီးထိန်ထိန်လင်းပါစေ စစ်မီးအမြန်ညိမ်းပါစေ” စတဲ့ ဘန်နာစာတန်းတွေနဲ့ ညပိုင်းမှာ မီးပုံပျံတွေလည်း လွှတ်တင်ခဲ့ကြပါတယ်။

ပုလဲမြို့နယ်မှာလည်း “ဓမ္မကိုပူဇော် အဓမ္မကိုလောင်ကျွမ်း လူထုအနာဂတ်ကို တော်လှန်ဆီမီးနဲ့ ထွန်းညှိကြ” ဖယောင်းတိုင်မီးသပိတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်အင်အားစုနဲ့ အခြားသောသပိတ်အင်အားစုတွေ ပူးပေါင်းကာ “ဓမ္မကိုပူဇော် အဓမ္မကိုလောင်ကျွမ်း” စတဲ့ စာသားနဲ့ တပ်ပေါင်းစုသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ ရွှေဘိုလူထုသပိတ်၊ ပုလဲမြို့နယ်လူထုသပိတ်၊ ချင်းတွင်းမြစ်ကမ်းဘေးသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ဆီမီးသပိတ်နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၆) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့အတွက် ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၁၅)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၃) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

Facebook