ရောင်နီ /People’s Spring
သီတင်းကျွတ်ပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်လျက်ရှိပြီး အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိကျင်းပသွားမည်ဖြစ်ကာ ဈေးရောင်းပွဲတော်နှင့်အတူ ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်သည်။
အောက်တိုဘာ ၁၆ ရက်ညတွင် ဈေးရောင်းပွဲတော်ဘက်၌ လာရောက်သူနည်းနည်းပါးပါးသာတွေ့ရပြီး အလှဓာတ်ပုံရိုက်ကူးသူနှင့် အရက်သေစာသောက်စားထားသူအများအပြားကိုသာတွေ့ရသည်။

Public Service Announcement
ယနေ့ညတွင် အောင်ခိုင်၊ ဝါဝါအောင်၊ အာကာမြင့်အောင်တို့နှင့်အတူ အခြားအဆိုတော်များလည်း ပါဝင်ဖျော်ဖြေပြီး ဒီဂျေအစီအစဉ်များလည်းပါဝင်သည်ကိုတွေ့ရသည်။
“ပုံမှန်အခြေအနေဆိုရင်တော့ နာမည်ကြီးတွေလည်းလာမှာ ။ အခုကတော့ ဘာတွေမှန်းမသိဘူး။ မရင်ရွှေ (အာကာမြင့်အောင်)ကလည်း ပျော်စရာနှစ်သစ်ပါဆိုပြီး နှုတ်ဆက်နေတယ်။ သင်္ကြန်ထင်နေတာလားမသိဘူး” ဟု ယင်းပွဲသို့လာရောက်သည့် လူငယ်တစ်ဦးကပြောသည်။
စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများအပါအဝင် ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုများနေ့စဉ်ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏ စစ်စခန်းများစွန့်လွှတ်နေရသော်လည်း ရာသီပွဲတော်များကို ခမ်းခမ်းနားနားပြုလုပ်နေခြင်းဖြစ်သည်။
အာဏာသိမ်းထားသည့်ကာလတွင် သီတင်းကျွတ်သည် ပျော်ရွှင်စရာကာလမဟုတ်ပဲ တိုက်ပွဲဝင်ရမည့် အချိန်ဖြစ်ကြောင်း “ကျွတ်မနေနဲ့ ကြုံး” အာဏာရှင်ဆန့်ကျင်ရေးလှူပ်ရှားမှုကို ယနေ့နံနက်က ရန်ကုန်မြို့ရှိ တော်လှန်ညီနောင်လေးဖွဲ့ကပြုလုပ်ခဲ့သည်။
