ရဲခေါင်/People’s Spring
ယမန်နေ့ ည ၁၁နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ပဲခူးလမ်းရှိ ဂိုထောင်တစ်ခုတွင်ရပ်ထားသည့် ကားတစ်စီး မီးလောင်မှုဖြစ်သဖြင့် အအေးပေးခြင်းလုပ်ငန်းများဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။
သို့သော် မီးလောင်ရသည့်အကြောင်းအရင်းနှင့် ယာဥ်အမျိုးအစားကို မူဖော်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။

Public Service Announcement
မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး တ္တရသီရိမြို့နယ် မီးသတ်တပ်ဖွဲ့ထံသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
“ဓာတ်ဆီ၊ဒီဇယ်ကားတွေ မီးလောင်ရင် ပုံမှန်ရေနဲ့ ငြှိမ်းလို့ရတယ်။အခုက လျှပ်စစ်ကားမှာသုံးတဲ့ Lithium Ion Battery တွေက ရေနဲ့ငြိမ်းလို့မရလို့ အမြှုပ်အေးနဲ့ ငြိမ်းရတာပါ။ အဲဒါကို အအေးပေးငြိမ်းတယ်လို့ ပြောလို့ရတယ်”ဟု လျှပ်စစ်နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

၂၀၂၃ အောက်တိုဘာ ၅ ရက်ကလည်း ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် EV ကားတစ်စီး အားသွင်းနေစဥ် မီးလောင်မှုဖြစ်ခဲ့သည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၎င်း၏သားသမီးများအား လျှပ်စစ်ကား EV တင်သွင်းမှုလုပ်ပိုင်ခွင့်များနှင့် လျှပ်စစ်ကား(EV) Charging Station များတည်ဆောက်ခွင့်ပြုထားသည်။
မော်တော်ကားစျေးကွက်ကျွမ်းကျင်သူများ၏ အချက်လက်များအရ EV ယာဥ် နှစ်ထောင်ခန့်စျေးကွက်ထဲသို့ရောက်ရှိနေကာ လျှပ်စစ်ကား(EV) Charging Station အခုနှစ်ဆယ်ဝန်းကျင်ရှိကြောင်း သိရသည်။
