လူအေး/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဆိပ်ကမ်း၌ ဆီတင်သင်္ဘောမီးလောင်မှုတွင် သေဆုံးသူရှစ်ဦးရှိပြီး တစ်ဦးပျောက်ဆုံးနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။
ဆီဘောဟု ဒေသခံများကခေါ်သည့် စက်သုံးဆီတင်သင်္ဘောသည် ထားဝယ်မြို့၊ကြက်စာပြင် ရပ်ကွက်ရှိမြစ်ဆိပ်ကမ်းတွင် အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

Public Service Announcement
” ရှစ်ဦးအထိ သေဆုံးခဲ့တာပါ။ ဒဏ်ရာရသူတွေလည်း ပြင်းတယ်။ မီးတောင် တော်တော် ငြှိမ်းယူရတာပါ”ဟု မြို့ခံတစ်ဦးက ပြောသည်။
မီးလောင်မှုအတွင်း အမျိုးသားခုနစ်ဦး၊အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဆေးရုံတင်ထားရကာ နောက်ထပ်အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မီးလောင်ပေါက်ကွဲမှုသည် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုကြောင့် လုံးဝမဟုတ်ကြောင်း ထားဝယ်မြို့မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
” ဒါက ပေါ့ဆမှုလို့ပဲ ကျနော်တို့ကြားနေရပါတယ်။တိုက်ခိုက်မှုတွေကြောင်း မဟုတ်ပါ”ဟု ၎င်းက ပြောသည်။
