close
Connect with us

Hi, what are you looking for?

သတင်း

ဒဂုံဆိပ်ကမ်းမြို့တွင် အမျိုးသမီးတစ်ဦးအားသူခိုးဟုစွပ်စွဲပြီး ဘုန်းကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငါးရက်ကြာချုပ်နှောင်နှိပ်စက်

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား သူခိုးဟုစွပ်စွဲပြီး ဘုန်းကြီးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငါးရက်ကြာချုပ်နှောင်နှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရဲခေါင်/People’s Spring

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား သူခိုးဟုစွပ်စွဲပြီး ဘုန်းကြီးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငါးရက်ကြာချုပ်နှောင်နှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံမြို့သစ်​တောင်ပိုင်းတွင်​နေထိုင်သည့် ဒေါ်သန်းသန်းအား သူခိုးဟုစွပ်စွဲပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရာဇဂြိုဟ်ပရိယတ္တိစာသင်တိုက်တွင် နှစ်ရက်၊ အမှတ်(၆၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးတွင် သုံးရက်ချုပ်​နှောင်ဖမ်းဆီးပြီး ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ပြုလုပ်မှုကြောင့် ကာယကံရှင်အမျိုးသမီးသည် ဒဏ်ရာများရရှိပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းသို့ ​အောက်တိုဘာ ၁၄ရက်တွင် သွားရောက်တိုင်တန်းခဲ့​ကြောင်း မှုခင်းမှတ်တမ်းတွင် ရေးသားထားသည်။

စစ်ကောင်စီ၏ ရဲစစ်ချက်အရ ဒဂုံ​မြို့သစ်​တောင်ပိုင်းမြို့နယ်၊(၆၆) ရပ်ကွက်၊ အင်းဝအိမ်ယာ​နေ​ ဒေါ်သန်းသန်းအား လွန်ခဲ့​သော ခုနစ်လက ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရာဇဂြိုဟ်ပရိယတ္တိစာသင်တိုက်တွင် အတူနေခဲ့ဘူးသူ​ ဒေါ်စန်းစန်းခိုင်က အောက်တိုဘာ ၉ရက်တွင် ဖုန်းဆက်ပြီး​ ကျောင်းတွင် ပြသနာတက်​နေသဖြင့် လာရောက်ရန်​ခေါ်ခဲ့​သည်။

ဘုန်းကြီး​ကျောင်း​ရောက်ချိန်တွင် တိုက်အုပ်ဘုန်းကြီးဦးသူရဓမ္မက ခိုးယူသွာ​သော​ ရှေး​ဟောင်းပစ္စည်းများပြန်​ပေးရန်နှင့် မ​ပေးကသတ်ပစ်မည်ဆိုကာ ဆွမ်းစား​ဆောင်​အောက်တွင် (၂)ရက်ချုပ်​နှောင်ထားပြီး အမည်မသိအမျိုးသမီးသုံးဦးက​ စောင့်ကြပ်ကြောင်း ဒေါ်သန်းသန်းက ပြောသည်။

အောက်တိုဘာ ၁၁ရက်တွင် ဘုန်းကြီးဦးသူရဓမ္မ၊ ဦးသာလှထွန်းဆိုသူ နှင့်အမည်မသိအမျိုးသမီးနှစ်ဦးက ဒေါ်သန်းသန်းအား အမှတ်(၆၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးသို့ ​ခေါ်ပြီးဘုန်းကြီး​ကျောင်းမှ ပစ္စည်းများအား ဒေါ်သန်းသန်းက ခိုးယူ​ကြောင်း​ပြောပြီးထားခဲ့​ကြောင်း သိရသည်။

ထို့နောက် အမှတ်(၆၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးဦးတင်​မောင်​ဆွေက​ ဆဲဆိုကာ ရုံးရှိ အခန်းတစ်ခုတွင် သုံးရက်ပိတ်​လှောင်ထား​ကြောင်း၊ ထိုသို့ ပိတ်​လှောင်ထားစဥ် ရပ်ကွက်အုပ် ချုပ်​ရေးမှူးနှင့် အမည်မသိအမျိုးသားနှစ်ဦးက​ ကော်​ရေပိုက်ဖြင့်ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာများရခဲ့​ကြောင်း ဒေါ်သန်းသန်းက ထွက်ဆိုထားသည်။

ထို့​ကြောင့်​ ပစ္စည်းခိုးသည်ဟုစွပ်စွဲကာဆဲဆိုခြိမ်း​ခြောက်ခြင်း၊ရိုက်နှက်ခြင်း၊ ငါးရက်ကြာ မတရားချုပ်​နှောင်ထားခြင်းများအတွက် ဘုန်းကြီးဦးသူရဓမ္မ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးဦးတင်​မောင်​ဆွေ၊ ဦးသာလှထွန်းနှင့် အမည်မသိအမျိုးသမီးသုံးဦး၊ အမည်မသိအမျိုးသားနှစ်ဦးတို့ကိုအ​ရေးယူ​ပေးရန် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်း၌ ဒေါ်သန်းသန်းက တိုင်တန်းထားကြောင်း သိရသည်။

“အမှုတွေတော့ ဖွင့်ထားပြီးပြီ။ ဖမ်းမမိသေးဘူး”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲက လူထုနွေဦးသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် အခြားမြို့နယ်များ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူများနှင့် ၎င်း၏နောက်လိုက်များသည် ပြည်သူများအပေါ် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ်မှုများ ကျူးလွန်နေသည်။

ထို့ကြောင့် စစ်ကောင်စီဘက်တော်သားများဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မြို့ပြ​ပြောက်ကျားအဖွဲ့များက ပစ်ခတ်ရှင်းလင်း သတိပေးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ (၄၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Light of Union မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၀၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်မှုအတွင်းအုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဧရာဝတီတိုင်း ရေကြည်မြို့တွင် ပြည်သူ့စစ် လုံခြုံရေးအဖွဲ့ဖွဲ့ရန်ကြိုးပမ်းသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ‌ဒေသခံများ တင်းမာမှုဖြစ်ခဲ့ပြီး ဒေသခံအမျိုးသားငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့သည်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံကျေးရွာဘုန်းကြီးကျောင်းကို စစ်တ​ပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူသုံးဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။