close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာနိုင်ရေးကို ယူကရိန်း သမ္မတ တောင်းဆို

ယူကရိန်းရဲ့ ကိယက်ဗ်မြို့တော်မှာ လူဒါဇင်နဲ့ချီ သေဆုံးစေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေအပြီး ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် ဝိုင်းဝန်း ကြိုးစားပေးဖို့ မဟာမိတ် နိုင်ငံတွေကို ယူကရိန်း အစိုးရက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Shutterstock

ယူကရိန်းရဲ့ ကိယက်ဗ်မြို့တော်မှာ လူဒါဇင်နဲ့ချီ သေဆုံးစေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေအပြီး ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် ဝိုင်းဝန်း ကြိုးစားပေးဖို့ မဟာမိတ် နိုင်ငံတွေကို ယူကရိန်း အစိုးရက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဇူလိုင် ၃၀ ညပိုင်းနဲ့ ၃၁ ရက် မနက်အစောပိုင်းတွေက ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေ အစုအပြုံလိုက် ပစ်ခတ်ခဲ့တာကြောင့် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၁၆ ဦး သေဆုံးခဲ့တဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လက်ရှိ ရုရှားအစိုးရ ပြုတ်ကျသွားစေမယ့် ဖိအားပေးမှုတွေ လိုလာပြီလို့ ပြောကြားခဲ့တာပါ။

ညလုံးပေါက် ကြာမြင့်တဲ့ထိ တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မှာရှိတဲ့ ၉ ထပ် တိုက်ကြီး တစ်လုံးရဲ့ အစိတ်အပိုင်းတချို့ ပြိုကျခဲ့ပြီး လူပေါင်း ၁၅၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဇီလန်စကီးက သမ္မတ ဗလာဒီမာ ပူတင် ဦးဆောင်နေတဲ့ ရုရှားအစိုးရကို ဖြုတ်ချမပစ်နိုင်ဘူးဆိုရင် ဒေသတွင်း တည်ငြိမ်မှုတွေကို ရေရှည် ခြိမ်းခြောက်နေဦးမှာ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ တကယ်လို့ ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် လုပ်ဆောင်ဖို့ ကမ္ဘာကြီးက ရည်ရွယ် မထားဘူးဆိုရင် လက်ရှိစစ်ပွဲ အဆုံးသတ်သွားရင်တောင်မှ ရုရှားဟာ အိမ်နီးချင်း နိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင် ဆက်ပြီး မွှေနေလိမ့်ဦးမယ်လို့ ဇီလန်စကီးက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိယက်ဗ်ကို ရုရှားက လောလောလတ်လတ် တိုက်ခိုက်ခဲ့မှုမှာတော့ ဒရုန်းအစီး ၃၀၀ ကျော်နဲ့ ခရုစ်ဒုံးကျည် ၈ စင်းကို ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ယူကရိန်းနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ရန်လို တိုက်ခိုက်မှုတွေကို ဝေဖန်ခဲ့သလို ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေအတွက် စဉ်းစားနေတယ်လို့ ပြောပါတယ်။ ရုရှား လုပ်နေတာတွေကို သူက အရမ်းစက်ဆုပ်တယ်လို့ ထရမ့်က ဇူလိုင် ၃၁ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။ သူက ရုရှားကို ပိတ်ဆို့ အရေးယူမှု အသစ်တွေ သတ်မှတ်ကျင့်သုံးဖို့ စဉ်းစားနေပေမယ့် တစ်ဖက်မှာလည်း အဲဒီအရေးယူမှုတွေက ပူတင်ကို ထိခိုက်စေရဲ့လား ဆိုတာ မတွေးတတ်ကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ် ရပ်စဲအောင် ကြားဝင် ဖိအားပေးတာတွေ ရှိနေပေမယ့် နောက်ပိုင်းမှာတော့ ရုရှားက စစ်ရပ်စဲရေးကို အမှန်တကယ် အားထည့် ကြိုးစားမှု မရှိဘူးဆိုပြီး ပူတင်အပေါ် သိသိသာသာ ဝေဖန်လာခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရပ်ခြား စစ်လက်နက် ကုမ္ပဏီတွေရဲ့ စမ်းသပ်ဆဲ prototypeအဆင့် စစ်လက်နက်တွေကို စစ်မြေပြင်မှာ လက်တွေ့ အသုံးချနိုင်ခွင့်မျိုး ယူကရိန်းက ကမ်းလှမ်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းကို ကျူးကျော်စစ် ပြုမှုအတွက် ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ထပ်မံကျင့်သုံးမယ့် ဥရောပ သမဂ္ဂ (EU)ရဲ့ အစီအစဉ်ကို အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဆလိုဗက်ကီးယားက တားဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုခုကို ရှာဖွေမလား၊ ဒါမှမဟုတ် အခွန်စည်းကြပ်မှုတွေ မြင့်မြင့်မားမား သတ်မှတ်ပြီး အရေးယူတာ ခံမလားဆိုတာ တစ်ခုခုရွေးဖို့ ရုရှားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး စနစ်တွေ ပေးပို့သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။