close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ငလျင်လှုပ်လို့ ဒေသခံတွေထိတ်လန့်

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာဒီကနေ့ညအင်အားအသင့်တင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားလို့ မြို့ခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

မုံရွာမြို့ကိုအ​ပေါ်စီးမှ​တွေ့ရစဥ်။ ဓါတ်ပုံ-Myanmar Skyline

ဇူလိုင်-၃၀၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာဒီကနေ့ညအင်အားအသင့်တင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားလို့ မြို့ခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

ဒီကနေ့ ဇူလိုင် ၃၁ ရက် ည ၈ နာရီ ၅၆ မိနစ်ခန့်က မုံရွာမြို့ပေါ်မှာ သိသာတဲ့ငလျင်ငယ်တခု လှုပ်ခတ်သွားပြီး အနည်းငယ် ပြင်းထန်တာကြောင့် ပြည်သူတွေထိတ်လန့်ခဲ့ကြကြောင်း မြို့ခံတွေက ပြောပါတယ်။

“လှဲနေတာတောင်သိသာတယ်။ရမ်းခါသွားတာ”လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာမြို့အပြင် ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်ဒေသတွေကပါ သိသာစွာ လှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ည လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့၏မြောက်ဘက်၊ မြေအောက်အနက် ၁၂၅ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၉ အဆင့် နဲ့ အင်အားအတော်အသင့်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနဲ့အညီ နေထိုင်ကြဖို့ အထက်ပါဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ အရှေ့ဖက် ကမ်းလွန် ဒေသက အင်အားပြင်း ရေအောက် ငလျင်ကြီးကြောင့် ပစိဖိတ် သမုဒ္ဒရာနဲ့ ထိစပ်ရာ နိုင်ငံ တော်တော်များများမှာ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်တာတွေ၊ အရေးပေါ် ရွှေ့ပြောင်းတာတွေနဲ့ အလုပ်များခဲ့ရတဲ့ ရှည်လျားတဲ့ တစ်နေ့တာ အပြီးမှာတော့ သတိပေးချက်တွေကို...

နိုင်ငံတကာ

အမေရိကန်ရဲ့ ပြည်နယ်နှစ်ခုမှာလည်း ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထား

နိုင်ငံတကာ

မဂ္ဂနီကျု ၈.၈ အဆင့် ပြင်းထန်တဲ့ ကမ်းလွန် ငလျင်ကြီးတစ်ခု ရုရှားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့နောက် အမေရိကန်နဲ့ ဂျပန်က ကမ်းရိုးတန်း ဧရိယာ တချို့မှာ ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန် အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။