close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြိုဆုတောင်းခြင်းနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးစစ်ကိုင်းမှာဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၃)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၁၃၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၃)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းပေါင်းစုံ ဝေဆာစွာပန်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းရင်း လူထုဆန္ဒကို ထုတ်ဖော်ကြဖို့ နှိုးဆော်တဲ့အနေနဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” စာသားတွေ လိုက်လံဖြန့်ဝေခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည် (၈၀) နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းဦးမြို့နယ်မှာလည်းလူငယ်အင်အားစု သပိတ်ကော်မတီမှ ကြားကာလပညာရေးကျောင်းတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း “ပြည်သူ့အားမာန်သပိတ်”က စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ လူထုခေါင်းဆောင်နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀နှစ်ပြည့်အတွက် မွေးနေ့အကြိုဆုမွန်ကောင်း တောင်ဆိုပေးခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

အတွေးအမြင်

၁၉၈၈-၈၉ ခရီးဖော်ဆရာက နတ်မောက်ထဲက ကြာကန်ရွာမှာ နွားလှည်းစီးခဲ့တုန်းက ပုံလေးကို ပို့လာတယ်။ အမက နေပူလို့ ခေါင်းစီးလေးနဲ့။ ကျမက ကျောပေးပြီး ထိုင်နေတော့ ခေါင်းနဲ့ကျောပဲ မြင်ရတယ်။ ဘိုကေခေါင်းလေးကို ခရီးဖော်တွေကတော့ မှတ်မိနေတာပေါ့။ လွန်ခဲ့တဲ့ နှစ်လေးဆယ်နီးပါးတုန်းကဆိုတော့ အတော့်ကို ကြာခဲ့ပြီ။

သတင်း

စစ်ကိုင်းနဲ့ တနင်္သါရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၁)မှာ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆန္ဒပြု ဆုတောင်း မေတ္တာပို့ပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ က တိုက်တွန်းချက် ထုတ်ပြန်ကြေညာသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၉)မှာ စစ်အုပ်စုကို ထောက်ပံ့နေခြင်းအား ရပ်တန့်ပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။