close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေးတွေ ဝင်ကြည့်နိုင်တာကို ထိထိရောက်ရောက် ကန့်သတ်မထားတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို EU စစ်ဆေးနေ

ကလေးသူငယ်တွေ လက်လှမ်းမီနိုင်မှုကို ထိထိရောက်ရောက် ဟန့်တားခြင်း မရှိတဲ့အပေါ် ညစ်ညမ်းဗီဒီယို ဝက်ဘ်ဆိုက် တချို့ကို ဥရောပ သမဂ္ဂ (EU)က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Getty Images

ကလေးသူငယ်တွေ လက်လှမ်းမီနိုင်မှုကို ထိထိရောက်ရောက် ဟန့်တားခြင်း မရှိတဲ့အပေါ် ညစ်ညမ်းဗီဒီယို ဝက်ဘ်ဆိုက် တချို့ကို ဥရောပ သမဂ္ဂ (EU)က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

EUရဲ့ စစ်ဆေးရေး အရာရှိတွေက အဲဒီ ဝက်ဘ်ဆိုက်တွေဟာ ကလေးတွေ ဝင်ရောက် ကြည့်ရှုခွင့် မရနိုင်အောင် ကန့်သတ် စိစစ်တဲ့ အဆင့်တွေကို ထိထိရောက်ရောက် လုပ်ဆောင်ထားခြင်း မရှိဘူးလို့ ပြောပါတယ်။

အွန်လိုင်း ပလက်ဖောင်းတွေ အနေနဲ့ ကွဲပြားတဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်လုပ်မှုတွေကို ဖန်တီးတဲ့ အခါမှာ ကလေးတွေရဲ့ အခွင့်အရေးနဲ့ အကျိုးကျေးဇူးအတွက် အကောင်းဆုံး ဖြစ်နိုင်ခြေတွေ ထည့်စဉ်းစားဖို့ လိုတယ်လို့ EUရဲ့ အမှုဆောင် အစုအဖွဲ့ဖြစ်တဲ့ ဥရောပ ကော်မရှင်က ပြောပါတယ်။

EUရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခံနေရတဲ့ ဝက်ဘ်ဆိုက်တွေကတော့ Pornhub၊ X Videos၊ XNXXနဲ့ Stripchatတို့ ဖြစ်ပါတယ်။ Pornhubရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Ayloကတော့ EUရဲ့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေကို သိရှိထားကြောင်းနဲ့ ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေ မှန်သမျှဟာ အသက်မပြည့်သေးတဲ့ အွန်လိုင်း သုံးစွဲသူတွေအတွက် အဆိပ်အတောက် မဖြစ်တာ သေချာအောင် လုပ်ဆောင်ထားကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုမ္ပဏီဖက်ကတော့ သတ်မှတ် စည်းမျဉ်းတွေကို အမြဲတမ်း လိုက်နာခဲ့ကြောင်း၊ တစ်ဖက်မှာလည်း ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အစိုးရတွေဟာ သုံးစွဲသူတွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းစေရေးဆိုင်ရာ အကာအကွယ် ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လိုကြောင်း Ayloက ဆိုပါတယ်။

EUကတော့ ကနဦး စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ အထက်ဖော်ပြပါ ညစ်ညမ်းဗီဒီယို ပလက်ဖောင်း ၄ ခုဟာ အသက် ကန့်သတ်ချက်၊ ပုဂ္ဂိုလ်ရေး လုံခြုံမှု၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လေးစားလိုက်နာမှုတွေ တိကျတဲ့၊ လုံလောက်တဲ့ လုပ်ဆောင်မှုတွေ မရှိဘူးလို့ တွေ့ရှိထားကြောင်း ပြောပါတယ်။

ညစ်ညမ်း ဝက်ဘ်ဆိုက်တွေက ဝင်ရောက်ကြည့်ရှုသူကို အသက် ၁၈ နှစ် ပြည့်ပြီးပြီလားဆိုတဲ့ မေးခွန်းတစ်ခုလောက်ပဲ မေးနေတာမျိုးက ကလေးတွေကို သူတို့နဲ့ မနီးစပ်သင့်တဲ့ ကိစ္စတွေ မြင်သွား၊ တွေ့သွားတာနေတဲ့ အခြေအနေကို ဟန့်တားနိုင်မှာ မဟုတ်ကြောင်း ဥရောပ ကော်မရှင် အရာရှိ တစ်ယောက်က ဝေဖန်ခဲ့ပါတယ်။

EUက စုံစမ်းနေတဲ့ ကိစ္စမှာ အပြစ်ရှိကြောင်း ထင်ရှားခဲ့မယ်ဆိုရင် စည်းမျဉ်း ပိုမို ကြပ်မတ်ပေးဖို့ တောင်းဆိုတာတွေ ကြုံရနိုင်သလို တစ်နှစ်စာ ဝင်ငွေရဲ့ ၆ ရာခိုင်နှုန်းထိ များပြားတဲ့ ဒဏ်ကြေးမျိုး ချမှတ်ခံရနိုင်ခြေပါ ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ဥရောပကြား ကုန်သွယ်ရေး ကဏ္ဍနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် သဘောတူညီမှုတွေကို ရှာဖွေဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီဂျာ မယ်လိုနီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံသားတွေ အနေနဲ့ လိုရမယ်ရ သဘောမျိုးအဖြစ် ၇၂ နာရီစာ ဖူလုံဖို့ ရိက္ခာတွေ ကြိုတင် စုဆောင်းထားသင့်ကြောင်း EUက တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများအတွက် ဥရောပသမဂ္ဂ(EU)က အရေးပေါ်အကူအညီ ယူရို ၁.၂ သန်း ပေးအပ်ရန် အသင့်ဖြစ်နေပြီဟု ယနေ့(စက်တင်ဘာ ၁၈ရက်)တွင် ကြေညာသည်။

နိုင်ငံတကာ

ကရင်မလင် နန်းတော်မှာ ပူတင်နဲ့ ဆွေးနွေးပြီးတဲ့နောက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အော်ဘန်က သူဟာ ဥရောပတိုက်က ငြိမ်းချမ်းရေးကို လိုအပ်နေတယ်ဆိုတာ ပူတင်ဆီ အသိပေး ရှင်းပြခဲ့တယ်လို့ ပြောကြားသွားပါတယ်။