မေ၂၈၊၂၀၂၅။ရှိန်း/People’s Spring
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်က Cowboy Bar မီးလောင်မှုဖြစ်ခဲ့ပြီး အမျိုးသမီး လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေလ၂၈ရက် ဒီကနေ့ မနက် ၉နာရီ၄၈မိနစ်မှာ မီး လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး လောင်ရတဲ့အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“အလုံပိတ်ကြီးမို့များ အဲ့လောက်ဖြစ်သွားတယ်ထင်တယ်။အထဲမှာ တော်တော်လောင်နေတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မီးသတ်အရာရှိတစ်ဦးကလည်း အကြောင်းအရင်းကို စစ်ဆေးဆဲဖြစ်ပြီး အမျိုးသမီး လေးဦး သေဆုံးကြောင်းအတည်ပြု ပြောပါတယ်။
Cowboy Barဟာ မတ်၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အပျက်အစီးရှိခဲ့ပြီး ပြုပြင်နေတာမို့ ဒီနေ့အထိ ပိတ်ထားတဲ့ Barဖြစ်တယ်လို့ သိရပါတယ်။
