close
Connect with us

Hi, what are you looking for?

သတင်း

ဝတပ်ဖွဲ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ သက်ဆင်စွပ်စွဲ၊ ထိုင်းနိုင်ငံရဲ့ရန်သူအဖြစ် သတ်မှတ်ပြီး အရေးယူဖို့လိုကြောင်းပြော

အိမ်နီးချင်း မြန်မာနိုင်ငံက ဝပြည်သွေးစည်း ညီညွတ်ရေးတပ်(UWSA)ဟာမူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ထ်ကစွပ်စွဲခဲ့ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူသင့်တယ်လို့ ပြောကြားသွားပါတယ်။

ဓါတ်ပုံ-The Nation

■ အချိန်ကိုက် နိုင်ငံ​ရေးကစားကွက်ဖြစ်ပြီးအခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေလို့ UWSA တုံ့ပြန်ထား

မေ-၂၈၊၂၀၂၅/People’s Spring

အိမ်နီးချင်း မြန်မာနိုင်ငံက ဝပြည်သွေးစည်း ညီညွတ်ရေးတပ်(UWSA)ဟာမူးယစ်ဆေးဝါး မှောင်ခိုမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ထ်ကစွပ်စွဲခဲ့ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူသင့်တယ်လို့ ပြောကြားသွားပါတယ်။

UWSAနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တဲ့ အစုအဖွဲ့ အားလုံးကို ထိုင်းနိုင်ငံရဲ့ ရန်သူတွေအဖြစ် ရှုမြင်ဖို့ လိုတယ်လို့ သက်ဆင်က ဆိုပါတယ်။ အခုသီတင်းပတ်ထဲမှာ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB)က ကျင်းပတဲ့ အခမ်းအနား တစ်ခုမှာ သက်ဆင်က UWSAနဲ့ ပတ်သက်လို့ အခုလို ခါးသီးတင်းမာတဲ့ မှတ်ချက်မျိုး ပေးသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအမံတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဝေမျှပေးဖို့ ဖိတ်ကြား ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာမူးယစ်ဆေးဝါး ဂိုဏ်းတွေကို သက်ဆင်က စစ်ကြေညာပြီး ဖြိုခွင်းခဲ့တဲ့အပေါ်လူထုထောက်ခံမှုရရှိခဲ့ပေမယ့်တစ်ဖက်မှာတော့ လူ ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ပါတယ်။

သက်ဆင်က ထိုင်းရဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရာမှာနိုင်ငံပြင်ပမှာထုတ်လုပ်ပြီးပြည်တွင်းကို တင်သွင်းလာတဲ့ လမ်းကြောင်းတွေကို အထူးဂရုပြုဖို့ လိုတယ်လို့ ပြောပါတယ်။ အဲဒီနောက် ထိုင်းရဲ့ မူးယစ်ဆေးဝါး ပြဿနာအတွက် အဓိက ခေါင်းခဲစေမယ့် ပင်မလမ်းကြောင်းအဖြစ် ဝတပ်လို့ သုံးနှုန်းခေါ်ဝေါ်လေ့ ရှိကြတဲ့ UWSAကို သူက တိုက်ရိုက် လက်ညှိုးထိုးခဲ့တာပါ။

သက်ဆင်ကထိုင်းနိုင်ငံကို ဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါး အားလုံးနီးပါးဟာ UWSAက ထုတ်လုပ်နေတာလို့လည်း စွပ်စွဲခဲ့ပါတယ်။သူကထိုင်းအစိုးရ အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး UWSAကို ဖြိုခွင်းပေးရေး ကိစ္စအတွက် မြန်မာဖက်ကို ဖိအားပေး တောင်းဆိုသင့်ကြောင်းလည်း ဆိုပါတယ်။ဒါပေမဲ့အဲဒီကိစ္စကိုမြန်မာဖက်ကပျက်ကွက်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို မတားနိုင်ဘူးဆိုရင်ခွင့်ပြုချက်တောင်းခံပြီးထိုင်းနိုင်ငံကိုယ်တိုင် တုံ့ပြန် အရေးယူဖို့ စဉ်းစားသင့်ကြောင်းလည်း သက်ဆင်က ဆိုပါတယ်။

ဒါဟာ သက်ဆင်က ပြည်တွင်းမှာ ကြုံနေတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ပတ်သက်လို့ UWSAကို တိုက်ရိုက်အကျဆုံး စွပ်စွဲပြီး အပြင်းထန်ဆုံး ခြိမ်းခြောက်လာခြင်းလည်း ဖြစ်ပါတယ်။

UWSAရဲ့ လားရှိုးဆက်ဆံ​ရေးရုံး တာဝန်ခံဦးညီရန်းကတော့ သက်ဆင်ရဲ့ စကားတွေဟာ အချိန်ကိုက်နိုင်ငံ​ရေးကစားကွက်ဖြစ်ပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေလို့ တုံ့ပြန်ထားပါတယ်။

ဦညီရန်းကလူမှုကွန်ရက်ပေါ် ရေးသားထားတဲ့ ပို့စ်တစ်ခုမှာတော့ ဦးညီရန်းက ” မိုင် ရာထောင်ချီသည့် မြန်မာနယ်စပ်၌ မိမိတို့ UWSA “ဝ”တပ်ဖွဲ့ပဲရှိနေတာမဟုတ်ပါ။ မူးယစ် ဆေးဝါးများသည် မိမိတို့အား အန္တရာယ်ပြုသည်သာမက လူသားများ၏ဘုံရန်သူများဖြစ်ပြီးစဥ်ဆက်မပြတ်ကြိုးစားတိုက်ဖျက်သော်လည်းပိတ်ပင်တားဆီးဖို့မလွယ်ကူပေ”လို့​ရေးသားထားပါတယ်။

ဒါအပြင် သူကဆက်ပြီး​တော့ “”ဝ”တပ်ဖွဲ့ထိန်းချုပ်နယ် မြေအတွင်း ၂၀၀၅ ခုနှစ်၌ မူးယစ်စိုက်ပျိုးမှုကင်းစင်နယ်မြေအဖြစ် ကမ္ဘာအားကြေညာခဲ့ပြီး ဆက်လက်၍ မူးယစ်ဆေးဝါးများ စိုက်ပျိုး ၊ထုတ်လုပ် ၊ရောင်းဝယ်၊သယ်ယူပို့ဆောင် ရေး နှင့် သုံးစွဲမှု တို့အား ကြီးလေးပြစ်ဒဏ်ချမှတ်ကာ တိုက်ဖျက်မှုကြောင့် မူးယစ်သုံးစွဲမှုအနဲဆုံးပြည်နယ်အဖြစ် တွေ့ရှိနိုင်သည်”လို့​ရေးသားထားပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

သတင်း

စစ်ကောင်စီနှင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ် မတော် UWSA တို့ ပူးပေါင်းထိန်းချုပ်ရာ ဒေသ မိုင်းဆတ်မြို့၊မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတူး​ဖော်​နေသည် ကို တွေ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) က ယမန်နေ့ (မေလ၁၅ ရက်)တွင် ကြေညာသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဝတပ်မတော်(UWSA)နှင့် ကိုးကန့်တပ်မတော်(MNDAA)က လုံခြုံရေးယူပေးခဲ့ရပြီး ယနေ့(ဧပြီ ၁၈ရက်) ညနေ ၃နာရီခန့်တွင် လားရှိူးမြို့ကောင်းကင်ယံ၌ စစ်ကောင်စီလေယာဉ်အချို့ ပတ်၍ ပျံသန်းနေသည်။

သတင်း

ငလျင်ဘေးသင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က သဝဏ်လွှာပေးပို့ခဲ့ပြီး ငွေကျပ်သန်း ၂၀၀၀ ကူညီမည်ဖြစ်ကြောင်း UWSA ဆက်ဆံရေးရုံးတာဝန်ရှိသူ ဦးညီရန်းက အသိပေးသည်။