close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘောက်ဆင် ကြိုးဝိုင်းထဲ ပြန်လာဦးမယ်လို့ ပက်ကွီအိုကြေညာ

အသက် ၄၆ နှစ် အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောက်ဆင်ကြိုးဝိုင်းထဲ နောက်တစ်ခါ ပြန်လာမယ်လို့ မန်နီ ပက်ကွီအိုက အတည်ပြုလိုက်ပါတယ်။

အသက် ၄၆ နှစ် အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောက်ဆင်ကြိုးဝိုင်းထဲ နောက်တစ်ခါ ပြန်လာမယ်လို့ မန်နီ ပက်ကွီအိုက အတည်ပြုလိုက်ပါတယ်။

တိုက်ခိုက်ရေး အားကစား နယ်ပယ်ကနေ အနားယူပြီး ဖိလစ်ပိုင် နိုင်ငံရေး နယ်ပယ်မှာ ကျင်လည်နေခဲ့ရာက မေလ ၂၁ ရက်နေ့မှာတော့ ပက်ကွီအိုက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင် အထက်လွှတ်တော်မှာ နောက်တစ်ကြိမ် ရွေးကောက်ခံရဖို့ မျှော်လင့်ချက်ထား ကြိုးစားခဲ့ပေမယ့်လည်း မေလ ၁၂ ရက်နေ့ ရွေးကောက်ပွဲမှာ အရေးနိမ့် ဆုတ်ခွာခဲ့ရပါတယ်။

သူက WBC ဘောက်ဆင် အဖွဲ့ချုပ်ရဲ့ လက်ရှိ ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မာရီယို ဘောရီရော့စ်ကို ဇူလိုင် ၁၉ ရက်နေ့ကျရင် အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ စိန်ခေါ် ထိုးသတ်သွားမယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

သူပြန်လာမှာဖြစ်ကြောင်း၊ သမိုင်းတစ်ခုကို ဖန်တီးချင်ကြောင်း ပက်ကွီအိုက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပက်ကွီအိုဟာ ၂၀၁၉ ခုနှစ်တုန်းက ကိသ်သာမန်ကို အနိုင်ယူပြီး အသက် အကြီးဆုံး ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့အသက်ဟာ ၄၀ ပါ။

သူဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက နောက်ဆုံးပွဲစဉ်အဖြစ် ယော်ဒါနစ် အူဂက်စ်နဲ့ ထိုးသတ်ခဲ့ပေမယ့် အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကြိုးဝိုင်းတွေကို စွန့်ခွာခဲ့ပေမယ့် အခုတော့ ပက်ကွီအိုဟာ ဘောရီရော့စ်နဲ့ ထိုးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အနားယူထားတဲ့ အားကစားသမား တစ်ဦးဖြစ်တဲ့ ပက်ကွီအိုကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ WBCက ဝယ်တာဝိတ်တန်း ရပ်တည်မှု အဆင့် ၅ လို့ သတ်မှတ်ခဲ့တာကြောင့် အငြင်းပွားစရာတွေ ကြုံခဲ့သလို ပက်ကွီအိုက ကြိုးဝိုင်းထဲ ပြန်လာမယ်ဆိုတဲ့ ထင်ကြေးတွေ ကြိုတင် ပျံ့နှံ့နေခဲ့ပါတယ်။

ပက်ကွီအိုဟာ ဘောက်ဆင် အားကစားရဲ့ ဂန္ထဝင် ကြယ်တစ်ပွင့်လို့ သတ်မှတ်ခံရပြီး ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ၄ ကြိမ် ဖြစ်ဖူးသလို ၇၂ ပွဲ ယှဉ်ပြိုင်ရာမှာ ၆၂ ပွဲနိုင်၊ ၈ ပွဲရှုံး၊ ၂ ပွဲသရေဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

ကိုးကား: WBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ သူ့နေရာကို ဆက်ခံပြီး ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်လောင်းတွေ စာရင်းမှာ ကမ္ဘာကျော် လက်ဝှေ့သမား မန်နီ ပက်ကွီအိုရဲ့ နာမည်ကိုလည်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ထည့်သွင်းထားလိုက်ပါတယ်။