close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်နှင့်နီးလာ၍ နေ့စဉ်ခုခံတိုက်ခိုက်နေဟု KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်ဒေသပြန်လည်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖားကန့်မြို့နှင့်တဖြေးဖြေးနီးကပ်လာနေပြီး ခုခံတိုက်ပွဲများလည်း နေ့စဉ်ဖြစ်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ − ရိုက်တာ

မေ ၂၁၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသပြန်လည်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖားကန့်မြို့နှင့်တဖြေးဖြေးနီးကပ်လာနေပြီး ခုခံတိုက်ပွဲများလည်း နေ့စဉ်ဖြစ်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက ကာမိုင်း − ဖားကန့်လမ်းအတိုင်း စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ရက်ရှည်ဖြစ်ပွားနေမှု အခြေအနေအပေါ် မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ရှင်းပြခြင်း ဖြစ်သည်။

” ဖားကန့်ဘက်က စစ်ရေးအခြေအနေက တင်းမာနေတုန်းပဲ ဖြစ်ပါတယ်။ အခုတော့ ကားမိုင်းဘက်က တက်လာတဲ့ စစ်ကြောင်းတွေက ဖြေးဖြေးဖြေးဖြေးနဲ့ ဖားကန့်ဘက်မှာ တော်တော်နီးတဲ့နေရာ ရောက်နေတာ။ တံတားညီနောင်တို့ ဖြေးဖြေးနဲ့ နီးကပ်လာတဲ့သဘောရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ KIAနဲ့တပ်ပေါင်းစုအဖွဲ့ တွေလည်း နေ့တိုင်းလိုခုခံတိုက်ပွဲတွေ ဆင်နွှဲကြတာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် အင်းတော်ကြီးမြို့ဘက်မှလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများသည် စစ်ရေးလှုပ်ရှားမှု အနည်းငယ်ပြန်ငြိမ်သွားဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒီ ကားမိုင်းဘက်က စစ်ကြောင်းတွေကိုတော့ နေ့တိုင်းလို ခုခံတိုက်ပွဲရှိပါတယ်။ သူတို့လည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ကူညီတဲ့ အနေအထားလည်းရှိပါတယ်။ ဒီနေ့နောက်ဆုံးအခြေအနေကတော့ မကြားသိရပါဘူး”ဟုဗိုလ်မှူးကြီးနော်ဘူကယနေ့(မေလ ၂၁၇က်)နေ့လည်ပိုင်းတွင် ပြောသည်။

သို့​သော်​မြေပြင်မှစစ်​ရေးသတင်းရင်းမြစ်အချို့က စစ်တပ်စစ်​ကြောင်းသည် ဖားကန့် ​ကျောက်စိမ်း​မှော်နှင့် ၁၀ မိုင်အကွာ ပျားအုံရွာအနီးထိ​ရောက်လာပြီး ​မေ ၂၀ ရက်တွင် ​နောက်ပြန်ဆုတ်သွား​ကြောင်း​ပြောသည်။

“ပျားအုံရွာအထိရောက်လာတဲ့စစ်ကြောင်းက မနေ့(​မေ ၂၀)ကနောက်ပြန်ပြေးတယ်။သွေးပျက်ပြီးပြန်ဆုတ်သွားတာ။ KIA၊ PDF က နောက်ကလိုက်ချတယ်။ အခု ပျားအုံရဲ့နောက်ဘက်က တံတားညီနောင်မှာ တိုက်ပွဲအရမ်းပြင်းထန်နေပြီး ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ၂ ခါလာပစ်သွားပြီ”ဟုမေလ ၂၁ရက် နံနက်ပိုင်းစစ်ရေးအခြေအနေကို ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

ပျားအုံရွာနှင့် ဖားကန့်ကျောက်စိမ်းမော်ဒေသသည် ၁၀ မိုင်ခန့်ဝေးပြီး ယခုအခါ စစ်တပ်စစ်ကြောင်းပြန်ဆုတ်ခွာသွား၍ ၁၃မိုင်ခန့်အထိဝေးကွာသွားပြီဟု သတင်းရရှိသည်။

KIAသည် ဗန်းမော်မြို့သ်ိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ် စစ်ကောင်စီက ဖားကန့်ကို နယ်မြေစိုးမိုးမှုပြန်လည်ရယူအတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။SNAနှင့်ပြည်သူ့စစ်များကို ဖားကန့်အထိ စစ်ကြောင်းထိုးနိုင်ပါက ကျောက်စိမ်းတူးဖော်ခွင့်ပေးမည်ဟုမက်လုံးပေးထားကြောင်းစုံစမ်းသိရှိရသည်။

“စစ်ကောင်စီဘက်မှာပြည်သူ့စစ်တွေအသေများတယ်။ကျောက်စိမ်းလုပ်ကွက်တွေပေးမယ်ဆိုပြီး အတင်းထိုးတက်ခိုင်းနေတာ”ဟုဖားကန့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း KIA စိုးမိုးထိန်းချုပ်ထားသည့် နေရာများ ပြန်လည်ရရှိရေး ဧပြီကတည်းက အင်အားအလုံးအရင်းဖြင့် လေကြောင်း ပစ်ကူသုံးထိုးစစ်ဆင်နေသော်လည်း ရည်မှန်းချက် မအောင်မြင်ဘဲ KIA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုအောက်တွင် အထိနာလျက်ရှိဟု ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ချခဲ့သည့် ရဟတ်ယာဉ်အပျက်အစီးရှိရာနေရာသို့ KIA ရဲဘော်များ ထပ်မံသွားရောက်ကြည့်ရှုရာ မီးလောင်နေသည့် ရဟတ်ယာဉ် အပျက်စီးများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ ထပ်မံတွေ့ရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီ၏ ရဟတ်ယာဉ်ပစ်ချမှုတွင် သေဆုံးနေသည့် ဗိုလ်ကြီးတစ်ဦးရုပ်အလောင်း တွေ့ရှိခဲ့ပြီး ရွှေကူမြို့၌ အရေးပေါ်ဆင်းသက်သည့် ရဟတ်ယာဉ်မှာ ပျံတက်နိုင်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

ဖားကန့်ကိုဦးတည်နေသည့် စစ်ကြောင်းသည် စစ်ကောင်စီရဟတ်ယာဉ်နှစ်စင်းကို KIAက ပစ်ချသည့်နေ့တွင် ကစဉ့်ကလျားဖြစ်ခဲ့ပြီး နောက်သို့ပြန်ဆုတ်ခွာနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက စစ်​ကောင်စီကို ခုခံတွန်းလှန်ရင်းပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ရဲ့ လေယာဥ် နဲ့ ရဟတ်ယာဥ်အစီး​ရေ အနည်းဆုံး ၉ စီးရှိပြီဖြစ်ပါတယ်။

Facebook