close
Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့အနီး ပင်လယ်ပြင်၌ ရစ်ခ်တာစကေး ၅ဒဿမ ၁အဆင့် ငလျင်လှုပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်အတွင်း ရစ်ခ်တာစကေး ၅ဒဿမ ၁ အဆင့်ရှိငလျင် ယနေ့ (မေလ ၁၉ရက်) နံနက်အစောပိုင်းက လှုပ်ခတ်သွားခဲ့သည်။

မေ ၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်အတွင်း ရစ်ခ်တာစကေး ၅ဒဿမ ၁ အဆင့်ရှိငလျင် ယနေ့ (မေလ ၁၉ရက်) နံနက်အစောပိုင်းက လှုပ်ခတ်သွားခဲ့သည်။

နံနက် ၁နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စစ်တွေမြို့၏အရှေ့ – အရှေ့တောင်ဘက်ကို ဗဟိုပြု၍ လှုပ်သွားခြင်းဟု အမေရိကန်ဘူမိတိုင်းတာရေးဌာန (USGS)က ထုတ်ပြန်သည်။

အဆိုပါ ငလျင်သည် စစ်တွေမြို့၏အရှေ့ – အရှေ့တောင်ဘက် ၁၂၉ ကီလိုမီတာအကွာ၊ ရမ်းဗြဲကျွန်းအနီးပင်လယ်ရေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ဒဿမ၃ အဆင့်ဖြင့်လှုပ်ခတ်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြေငလျင်တိုင်းတာစက်များနှင့်ဗဟိုချက်၏အနီးအဝေးပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်းရှင်းပြထားပြီး ပင်လယ်ပြင်လွင်ဗဟိုပြု၍လှုပ်သောငလျင်ဖြစ်သောကြောင့် ဆူနာမီနှင့်ပတ်သက်၍လည်း ရှင်းပြထားသည်။

ရစ်ခ်တာစကေး ၆ဒဿမ၅ အောက်ရှိသည့် ငလျင်များသည် ဆူနာမီဖြစ်ပွားနိုင်ခြေအလွန်နည်းပါးသည်ဟု MOHADMက ရှင်းပြထားသည်။ ပင်လယ်ပြင်၌ ရစ်ခ်တာစကေး ၇အထက်နှင့် မြေအနက်တိမ်သည့်နေရာ၌ ဗဟိုပြုသော ငလျင်လှုပ်ပါက ဆူနာမီအန္တရာယ်ရှိသည်။

စစ်တွေမြို့သည် ဘင်္ဂလားပင်လယ်အော်နှင့်ထိစပ်ပပြီး ယနေ့ နံနက်ပိုင်း၌ ပင်လယ်ပြင်အတွင်းဗဟိုပြုသောငလျင်ကို ကျောက်ဖြူ၊ မာန်အောင်မြို့တို့တွင်လည်း ခံစားလိုက်ရပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

မတ်လ ၂၈ရက်က စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။ယင်းငလျင်၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန်MOHADM)က သတိ ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တ​လေးမြို့မှာ မေလ ၁၇ ရက်ည ၁၀ နာရီ ၂၅ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား အသင့်အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ချိန် မြင်ကွင်း​တွေပဲဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ကျောက်ဆည်မြို့အနောက်တောင်ဘက် ၂၁ ကီလိုမီတာ(၁၃ မိုင်​ကျော်)အကွာကိုဗဟိုပြု၍ ​မေလ ၁၇ ရက်ည ၁၀နာရီ ၂၅ မိနစ်တွင်ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်ရာ မန္တ​လေးမြို့တွင်သိသိသာသာခံစားခဲ့ရပြီး ပြည်သူများလမ်း​ပေါ်ထွက်​ပြေးခဲ့ကြရသည်။

သတင်း

ဒီနေ့ (မေလ ၁၇ ) ညနက်ပိုင်း ၁၀ နာရီခွဲခန့်မှာ မန္တလေးတိုင်း ၊ကျောက်ဆည်မြို့ အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား မဂ္ဂနီကျု့ ၅.၂ ရှိတဲ့ ငလျင်ကြောင့် မန္တလေးမြို့ခံတွေ လမ်းပေါ် ပြေးဆင်းခဲ့ရပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့မှာ နောက်ဆက်တွဲငလျင်နဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် လက်ပံပင်လဲကျပြီး နေအိမ် သုံးလုံး ပျက်စီးခဲ့ပါတယ်။