close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ဆူဒန်မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ ဆေးရုံနဲ့ စျေးတစ်ခု ဗုံးကြဲခံရပြီး ၇ ဦးသေ

တောင်ဆူဒန် နိုင်ငံမှာ ဆေးရုံတစ်ခုနဲ့ စျေးတစ်ခုကို ဗုံးကြဲခံရပြီး လူ ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်စည်းမခြား ဆရာဝန်များ (MSF)က ထုတ်ပြန်ခဲ့ပါတယ်။

Reuters

တောင်ဆူဒန် နိုင်ငံမှာ ဆေးရုံတစ်ခုနဲ့ စျေးတစ်ခုကို ဗုံးကြဲခံရပြီး လူ ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်စည်းမခြား ဆရာဝန်များ (MSF)က ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၃ ရက်နေ့က ရဟတ်ယာဉ်တွေဟာ ဂျွန်ဂလီပြည်နယ်၊ ဖန်ဂက်ဂ် မြို့ဟောင်းမှာရှိတဲ့ MSF လက်အောက်ခံ ဆေးရုံတစ်ခုပေါ် ဗုံးတစ်လုံး ကြဲချခဲ့ပြီး အဆောက်အအုံကို မီးလောင် ပျက်စီးစေခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် နာရီဝက်လောက် အကြာမှာတော့ မြို့ထဲက စျေးတစ်ခုကို ဒရုန်းတစ်စီးက ဗုံးထပ်ကြဲခဲ့ပြန်ပါတယ်။

လူဦးရေ ၁၁၀၀၀၀ ကျော် နေထိုင်ရာ ဖန်ဂက်ဂ် တစ်မြို့လုံးမှာရှိတဲ့ တစ်ခုတည်းသော ဆေးရုံဟာ အခုတော့ လုံးဝ ပျက်စီးသွားပြီလို့ MSFက ပြောပါတယ်။ ဆေးရုံမှာ ရှိနေတဲ့ ဆေးဝါးနဲ့ စက်ကိရိယာ ပစ္စည်းတွေကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

လူ ၇ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရစေခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို အတိအလင်း ချိုးဖောက်မှု ဖြစ်တယ်လို့ MSFက ရှုတ်ချခဲ့ပါတယ်။ နောက်ပြီး ဗုံးကြဲခံရတဲ့ ဆေးရုံဟာ ဆေးရုံတစ်ခု ဆိုတာကို ထင်ရှားမြင်သာအောင် တည်ဆောက်ပြထားခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

MSF ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မမ်မန် မူစတာဖာက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းနေဆဲလို့ ပြောပေမယ့် မြို့ခံတွေကတော့ ဒါဟာ အစိုးရ တပ်တွေရဲ့ ရဟတ်ယာဉ်တွေက ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့ အခိုင်အမာ စွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ တောင်ဆူဒန် အစိုးရကတော့ ဘာမှတ်ချက်ပေး တုံ့ပြန်မှုမှ မရှိသေးပါဘူး။

ကမ္ဘာပေါ်မှာ သက်တမ်း အနုဆုံး နိုင်ငံဖြစ်ပြီး ဆူဒန်နိုင်ငံကနေ ၂၀၁၁ ခုနှစ်ကမှ ခွဲထွက်လာတဲ့ တောင်ဆူဒန်ဟာ နောက်တစ်ကြိမ် သွေးချောင်းစီး ပြည်တွင်းစစ်ကြီး အစပြုဖို့ အရမ်းနီးကပ်နေပြီလို့ ကုလသမဂ္ဂ (UN)က သတိပေးထားပါတယ်။

ဆူဒန်ဟာ လွတ်လပ်ရေးရပြီး ၂ နှစ် အကြာမှာတင် ဆယ်လ်ဗာကားရ် မေယာဒစ်နဲ့ ဒုတိယ သမ္မတ ရိတ်ခ်မာချာတို့ကြား အားပြိုင်မှုတွေနဲ့အတူ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပါတယ်။ မေယာဒစ်က မာချာ ဦးဆောင်တဲ့ ပြည်သူ့စစ်တွေဟာ အာဏာသိမ်းဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် လူ ၄ သိန်းလောက် သေခဲ့ပြီး ၂.၅ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

၂၀၁၈ မှာတော့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိပြီး အဲဒီ ပုဂ္ဂိုလ်နှစ်ယောက်ပဲ အာဏာခွဲဝေထားတဲ့ ညွန့်ပေါင်း အစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ကျင်းပဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ ရွေးကောက်ပွဲတွေကတော့ လုံးဝ ဖြစ်မြောက်မလာခဲ့ပါဘူး။ နောက်ပြီး ပြည်သူ့စစ်တွေရဲ့ လက်နက်ကိုင် လမ်းစဉ်တွေကို ဖျက်သိမ်းကြမယ်ဆိုတဲ့ ကတိကလည်း အထမမြောက်ခဲ့ဘဲ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးဟာ မတူညီတဲ့ နိုင်ငံရေး အင်အားစု အသီးသီးဆီ ဆက်ပြီး သစ္စာခံနေဆဲပါ။

လက်ရှိ တကျော့ပြန် တင်းမာမှုတွေကတော့ အခု နှစ်ဆန်းပိုင်းမှာ စတင်ခဲ့ပါတယ်။ စစ်တပ်ဖြူလို့ နာမည်ပေးထားပြီး မာချာကို သစ္စာခံတဲ့ ပြည်သူ့စစ် အဖွဲ့တစ်ခုဟာ တောင်ဆူဒန် အစိုးရ စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ မတ်လမှာတော့ နာဆာမှာရှိတဲ့ အစိုးရ တပ်စခန်း တစ်ခု တိုက်ခိုက်ခံရချိန်မှာ စစ်သားတွေကို ကူညီရွှေ့ပြောင်းပေးဖို့ ကြိုးစားနေတဲ့ UN ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီး တောင်ဆူဒန် စစ်တပ် ထိပ်တန်း ဗိုလ်ချုပ် တစ်ဦးအပါအဝင် အသေအပျောက်တွေ ဖြစ်ပွားခဲ့ပါတယ်။

ပြည်သူ့စစ်တွေကို တုံ့ပြန်ရာမှာ စစ်တပ်ဟာ အရပ်သား ဧရိယာတွေကို ဗုံးကြဲနေကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စွပ်စွဲထားပြီး အဲဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုထားကြပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့(​မေ-၃)ညနေမှ ညပိုင်းအထိ မန္တလေး၊ စစ်ကိုင်း၊မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အနည်းဆုံး ၉ မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်အချို့အပါအဝင်အရပ်သားသေဆုံးမှုများရှိခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်ယားကျေးရွာသို့ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲအလွန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို မေလ ၂ရက် ညနေပိုင်းတွင် စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲအကြမ်းဖက်မှု​ကြောင့် ထိခိုက်နစ်နာခဲ့ရသော သပိတ်ကျင်းမြို့နယ် ​ရေထွက်​ကျေးရွာနှင့် လိပ်ကျကျေးရွာတို့ရှိ အိမ်ထောင်စုများအားပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေးPDF)က ဧပြီလ(၂၇)ရက်နေ့တွင်တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

Facebook