close
Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စလင်းပကဖ ရဲဘော်များ ပါဝင်တိုက်ခိုက်

ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) သိမ်းတိုက်ပွဲအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်များ မိခင်တပ်ရင်းသို့ပြန်လာကြရာ ဒေသခံပြည်သူများမှ ကြိုဆိုခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်သည်။

မေ၄၊ ၂၀၁၅။ရဲခေါင်/People’s Spring

ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) သိမ်းတိုက်ပွဲအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်များ မိခင်တပ်ရင်းသို့ပြန်လာကြရာ ဒေသခံပြည်သူများမှ ကြိုဆိုခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်သည်။

စလင်းမြို့နယ်ပကဖမှ ရဲဘော်အင်အား ၁၀၀သည် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များ၊ အာရက္ခတပ်တော် (AA)နှင့်အတူ အမ်းမြို့သိမ်း စစ်ဆင်ရေးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းစစ်ဆင်ရေးတို့အတွင်း တာဝန် ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်ခဲ့ပြီးပြန်လည်ရောက်ရှိလာသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း စလင်းမြို့နယ် ပကဖမှ ရဲဘော်ရှစ်ဦး ကျဆုံးခဲ့ရပြီး၊ ရဲဘော် တစ်ဦး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အမိမြေပြန်ရောက်လာသော ရဲဘော်များအား ဒေသခံ ပြည်သူများက ဝမ်းပန်းတသာကြိုဆိုဂုဏ်ပြုရင်း ကျဆုံးရဲဘော်များအား အလေးနီပြုဦးညွှတ်ကြောင်း ဖော်ပြသည်။

“စစ်ဆင်ရေးအကျိုးအမြတ်အနေနဲ့ရဲဘော်တွေအနေနဲ့ တိုက်ပွဲအတွေ့အကြုံစစ်ရေးအတွေ့အကြုံနဲ့ အာရက္ခတပ်တော်ရဲ့လေ့ကျင့်ရေးစစ်ရေးအတွေ့အကြုံများစွာရခဲ့ပါတယ်”ဟု စလင်း မြို့နယ်ပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

၎င်းဆက်လက်၍”အဓိကရည်ရွယ်ချက်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအဓိကမဏ္ဍိုင်တစ်ခုနဲ့ယှဉ်ပြီး အခုလိုကာလမှာ နယ်မြေပိုင်းခြားကွဲခြားမှုမရှိပဲ မဟာမိတ်ဆက်ဆံရေးတစ်ရပ်ပေါ်ထွန်းရေးကိုဦးတည်တာ”ဟု အမ်းနှင့် နပခ သိမ်းပိုက်မှုတွင် ပါဝင်ခဲ့မှုအပေါ် ၎င်းက ရှင်းပြသည်။

အာရက္ခတပ်​တော်(AA)နှင့် မဟာမိတ်များပူးပေါင်း၍ အမ်းမြို့နှင့် မြို့နယ်အခြေစိုက် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ နပခ ဌာနချုပ် အပြင် ၊ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ် ရင်းများ အခြေစိုက်သည်။

ထို့အပြင် အမှတ်(၂) ကုတင် ၃၀၀စစ်ဆေးရုံ၊ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ်(၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊အမှတ် (၉၂၆)၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ်(၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)နှင့် အမှတ်(၁၀)တပ်ထိန်းတပ်စသည့် အခြေစိုက်တပ်ဖွဲ့များ ရှိသည်။

ရုပ်သံ – စလင်း ပကဖ

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲ ၁၂ရက်ကြာဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း မကွေးဘက်ဆုတ်ခွာသွားဟုဆို

သတင်း

တစ်လအတွင်း စစ်သုံ့ပန်း ၁၀၀ကျော် ဖမ်းမိထားဟု ပြော

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၂ဦး ထပ်မံဖမ်းဆီးရမိပြီး တိုက်ပွဲများအတွင်း ငါးဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တပ်ဖွဲ့တာဝန်ခံ ဆလိုင်းဒါဝိဒ်က လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အမည်အသုံးပြုကာ လိမ်လည်ငွေတောင်းခံမှုများရှိနေသောကြောင့် ယင်းကိစ္စမျိုးကြုံရပါက အဖွဲ့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း စလင်း ပကဖ၏ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Facebook