close
Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီမှရဲ​မေများအပါအဝင် အမျိုးသမီးများလက်နက်ချဟုဆို

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှရဲမေများအပါအဝင် အမျိုးသမီး ၁၀၀ ကျော် လက်နက်ချရာကိုယ်ဝန်ဆောင်များပါဝင်နေ​ကြောင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

စစ်​ရေးပြအခမ်းအနားတစ်ခူတွင်​တွေ့ရ​​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်အမျိုးသမီးများ။ ဓါတ်ပုံ-Getty Images

ဧပြီ-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှရဲမေများအပါအဝင် အမျိုးသမီး ၁၀၀ ကျော် လက်နက်ချရာကိုယ်ဝန်ဆောင်များပါဝင်နေ​ကြောင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

“၂၁ထဲက ရဲမေ ၁၀၀ ကျော် လက်နက်ချတယ်။ကိုယ်ဝန်ဆောင်တွေပါတယ်” ဟု စစ်​ရေးရင်းမြစ်တဦးကပြောသည်။ ထို​ကြောင့် စစ်​ကောင်စီကကိုယ်ဝန်ဆောင်ရဲမေများကို အသုံးပြုနေခြင်းဖြစ်​ကြောင်း အထက်ပါ စစ်​ရေးသတင်းရင်းမြစ်ကဆက်​ပြောသည်။

သို့​သော်အခြားစစ်​ရေးရင်းမြစ်တဦးကမူ စစ်​ကောင်စီတပ်စွဲရာစခန်းများမှ အမျိုးသမီးများကိုဖမ်းမိသည်မှာမှန်​သော်လည်း စကခ ၂၁ မှမဟုတ်ဘဲ မြို့ထဲရှိ စခန်းများမှဖြစ်ကာ ၊၎င်းတို့မှာ ရဲ​မေ ဟုတ် ၊မဟုတ် မသိ​ကြာင်း​ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်း များ ၊တပ်ရင်းများ ၊တပ်ရင်းဌာနချုပ်များအားလုံးကို တပြိုင်တည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်​နေသည်ဟုစစ်​ရေးသတင်းရင်းမြစ်ကပြောသည်။

“ဗန်းမော်ဂွင်မှာ ရဲတွေလက်နက်ချတာမှန်တယ်။ ရဲမေ‌တွေ။ ပိတ်မိနေတာ ကြာပြီဆိုတော့အိမ်ထောင်သည်ရဲမေတွေလည်း ဗိုက်ကြီးတွေနဲ့လေ”ဟု CDM ရဲတစ်ဦးကလည်းပြောသည်။

KIA နှင့် ပူး​ပေါင်းတပ်က ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ထိုးစစ်ကို ​စစ်ကိုင်းငလျင်​​ကြောင့်​ရေး​ပေါ်ကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​ရေးများလုပ်ကိုင်နိုင်ရန် ယာယီပ်နားခဲ့သည်။ထို့​နောက် ဧပြီ ၂၅ ရက်မှစ၍ ပြန်လည်ထိုးစစ်ဆင်​နေရာ စကခ ၂၁ ၏ ကာကင်းစခန်းအချို့ကိုထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး အရာရှိအပါအဝင် စစ်သုံ့ပန်းများကို KIA က ဖမ်းဆီးရမိထားသည်ဟု သတင်းရရှိသည်။

စကခ ၂၁ကို ခုခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစတင်ဆုတ်ခွာထွက်ပြေးနေပြီး တိုက်ပွဲပြင်းထန်နေ​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ထို့အပြင် စစ်ကောင်စီသည် မြစ်ကြီးနား-မိုးကောင်း -ဖားကန့်လမ်း နှင့် အင်းတော်ကြီး-ကာမိုင်း -ဖားကန့်လမ်းပိုင်းတို့မှတဆင့် ဖားကန့်ကို အင်အားဖြည့်ရန် ကြိုးစားနေရာ အဆိုပါလမ်းပိုင်းနှစ်ခုစလုံး၌ တိုက်ပွဲများပြင်းထန်နေသည်။

ဗန်းမော်တိုက်ပွဲအပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ရန်ကြိုးစား​နေ​သော်လည်းဆက်သွယ်မရ​သေး​ပေ ။ KIA နှင့် ပူး​ပေါင်းတပ်များက ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှစ၍ ကချင်ပြည်နယ်​၏ ဒုတိယမြို့​တော်ကို သိမ်းပိုက်ရန် စတင်ထိုးစစ်ဆင်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်တွင်း နှစ်ဖွဲ့ကွဲနေပြီး အချင်းချင်းအာဏာသိမ်းမှု၊ တပ်တွင်းပုန်ကန်မှုများရှိလာနိုင်ဟု သုံးသပ်

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချအလင်းဝင်ရန်တိုက်တွန်း အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဖေဖော်ဝါရီ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆောင်းပါး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဆင်နွှဲနေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဗန်း​မော်လေဆိပ် နဲ့ သံချပ်ကာ တပ်ရင်း အပါအဝင် စစ်တပ် တပ်စွဲရာ​နေရာ​တွေ တပ်စခန်းတွေ ထပ်မံသိမ်းပိုက်ရရှိပြီး တမြို့လုံးသိမ်းပိုက်ဖို့နီးစပ် လာတဲ့အကြောင်း ဒီတစ်ပတ်မှာပြောပြချင်ပါတယ်။

သတင်း

ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA) နှင့် မဟာမိတ်များပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ် ဒဏ်ရာအပြင်းထန်ရရှိသွားပြီး ယ‌နေ့(ဇန်နဝါရီ ၂၃ ) နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့်လာရောက်သယ်ဆောင်သွားကြောင်းစစ်‌ ရေးသတင်းရင်းမြစ်အချို့ကကပြောသည်။

Facebook