close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီဗုံးကြဲခဲ့​သော ​ရေထွက်နှင့် လိပ်ကျရွာမှပြည်သူများကို မန္တ​လေးPDF​တွေ့ဆုံ​ထောက်ပံ့​ကြေး​ပေး

စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲအကြမ်းဖက်မှု​ကြောင့် ထိခိုက်နစ်နာခဲ့ရသော သပိတ်ကျင်းမြို့နယ် ​ရေထွက်​ကျေးရွာနှင့် လိပ်ကျကျေးရွာတို့ရှိ အိမ်ထောင်စုများအားပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေးPDF)က ဧပြီလ(၂၇)ရက်နေ့တွင်တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

​မေ-၁၊၂၀၂၅။People’s Spring

စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲအကြမ်းဖက်မှု​ကြောင့် ထိခိုက်နစ်နာခဲ့ရသော သပိတ်ကျင်းမြို့နယ် ​ရေထွက်​ကျေးရွာနှင့် လိပ်ကျကျေးရွာတို့ရှိ အိမ်ထောင်စုများအားပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေးPDF)က ဧပြီလ(၂၇)ရက်နေ့တွင်တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

စစ်​ကောင်စီတပ်က ဧပြီလ တတိယပါတ်တွင် လေကြောင်းမှ ဗုံးကြဲ​သောကြောင့် မန္တ​လေးတိုင်း၊သိပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာတို့မှ ​ဒေသခံပြည်သူ (၅၀)ဦး ဝန်းကျင် ​သေဆုံးခဲ့ပြီး (၈၀)ဦး ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်းမန္တ​လေးPDF ကထုတ်ပြန်သည်။ထို့အပြင် ပြည်သူပိုင် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဧပြီ ၁၈ ရက်​နေ့တွင် လိပ်ကျရွာထဲသို့ စစ်​ကောင်စီတပ်ကဗုံးကြဲခဲ့ရာ ကနဦးရရှိ​သောသတင်းများအရပြည်သူ ၁၃ ဦး​သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးအပါအဝင် ​ဒေသခံပြည်သူ အများအပြားဒဏ်ရာရခဲ့သည်။ ထို​နောက် ဧပြီ ၁၉ ရက်​​နေ့တွင်ရေထွက်ရွာရှိ ဓာတ်ဆီဆိုင်အနီးသို့ စစ်အုပ်စုမှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးကြဲချခဲ့ရာ ပြည်သူ၃၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​​ကြောင်း NUGကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါနှစ်ရွာတွင် ဒဏ်ရာရသူများထဲမှထပ်မံ​သေဆုံးသူအပါအဝင် ​သေဆုံးသူအ​ရေအတွက်တိုးလာပြီး ၅၀ ဦးဝန်းကျသ်ထိတိုးလာခြင်းဖြစ်သည်။

သပိတ်ကျင်းမြို့နယ်ကို ၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်း နှင့် အတူ ဆင်နွှဲခဲ့​သော ရှမ်းမန်းစစ်ဆင်​ရေးတွင် PDF များကသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီက ယမန်နေ့(ဧပြီ ၃၀ရက်) ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှာ ကင်းပတ်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်တဦးအပါအဝင် ၃ဦး သေဆုံးပြီး သေနတ် ၂လက်သိမ်းဆည်းခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊စားကျက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာမို့ အသက်၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။