close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် − ကာမိုင်းလမ်းပိုင်း နမ့်ယားရွာ၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်ယားကျေးရွာသို့ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲအလွန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − AFP

မေ ၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်ယားကျေးရွာသို့ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲအလွန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက မရပ်မနားဖြစ်နေတာဗျ။ စစ်တပ်က ရွာကို စီးဖို့်ကြိုးစားနေတာ။ ညနေပိုင်းမှာ သူတို့ကို KIA နဲ့ PDF တွေက ပိတ်ဆို့ထားတော့ လေကြောင်းလာပစ်တယ်”ဟု KIA စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဖားကန့် − ကာမိုင်းလမ်းပိုင်းမှတဆင့် နမ့်ယားကျေးရွာကိုဦးတည်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ဧပြီ၂၃ရက်ကတည်းက KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည်။

Public Service Announcement

Public Service Announcement

မေလ ၂ ရက်တွင် စစ်ကောင်စီတပ်က နမ့်ယားရွာအတွင်း ဝင်လာ၍ တိုက်ပွဲများ ပိုမိုပြင်းထန်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ နမ့်ယားကျေးရွာအနီး တစ်ပတ်ခန့်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၀၀ခန့်သေဆုံးပြီး လေကြောင်းပစ်ကူဖြင့် ရှေ့တိုးလာခြင်းဟု သတင်းရရှိသည်။

” ဒီနေ့တိုက်ပွဲလည်း စစ်တပ်ဘက်က ရှေ့တန်းစစ်ကြောင်းပြိုတယ်ကြားတယ်။အဓိကက ရှမ်းနီနဲ့ ပျူတွေ။ စစ်သင်တန်းဆင်းတွေ သေတာများတာ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ယနေ့(မေလ ၃ရက်) ညနေ ၄နာရီခန့်တွင် စစ်ကောင်စီတပ်က နမ့်ယားကျေးရွာအတွင်း လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲခဲ့ကြောင်း သတင်းရရှိသည်။ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

စစ်ကောင်စီတပ်သည် မိုးကောင်း-ကာမိုင်း-နမ့်ယား- လုံးခင်း-ဖားကန့်လမ်းနှင့် မြစ်ကြီးနား-နမ္မတီး-လက်ဝါး-တနိုင်း- ဖားကန့်လမ်းတို့မှတဆင့် အင်အားအများအပြားဖြင့် ဧပြီ၂၃ရက်ကတည်းက စစ်ကြောင်းထိုးနေပြီး ယင်းလမ်းပိုင်းနှစ်ခုရှိ မအူပင်၊ နမ့်ယားနှင့် လဝါးကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

နမ့်ယားကျေးရွာသည် ဖားကန့်မြို့မရောက်မီ ၁၂မိုင်ခန့်အကွာ၌ရှိသည်။ ရဲစခန်းကို ၂၀၂၄ တိုက်ပွဲများအတွင်း KIAက သိမ်းယူထားသည်။ စစ်ကောင်စီတပ်သည် မြေပြင်တွင် အထိနာနေသော်လည်း လေကြောင်းပစ်ကူဖြင့် ရှေ့တိုးလာနေသည်။

လက်ရှိတွင် ဖားကန့်မြို့အဝင်လမ်းပိုင်းများ၌ တိုက်ပွဲများပြင်းထန်နေပြီး ဖားကန့်ဒေသခံများအနေဖြင့်လည်း စစ်ရေးသတိပြုနေထိုင်ကြရန် ဖားကန့်ဒေသ စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသူများက သတိပေးသည်။

ဖားကန့်မြို့ကို KIAက မထိန်းချုပ်နိုင်သေးသော်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်း အပြည့်အဝ လည်ပတ်ခြင်းမရှိတော့ပေ။ ဆိုင်းတောင်ကျေးရွာကို KIAက ထိန်းချုပ်ထားသည်။

စစ်ကောင်စီသည် အပစ်ရပ်စဲမည်ဟု ကြေညာထားသော်လည်း အမှန်တကယ် အပစ်ရပ်စဲခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်မှုများ လုပ်ဆောင်ကာ ကြေညာချက်အပေါ် အမြတ်ထုတ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring အား ပြောထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ဆူဒန် နိုင်ငံမှာ ဆေးရုံတစ်ခုနဲ့ စျေးတစ်ခုကို ဗုံးကြဲခံရပြီး လူ ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်စည်းမခြား ဆရာဝန်များ (MSF)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ ဆုတောင်းတောင် နေရာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မေလ ၂ရက်တွင် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်က ပြန်လည်ထိုးစစ်ဆင်လာ၍ ယနေ့(မေလ ၃ ရက်)တွင် KIAပူးပေါင်းတပ်များ ပြန်ဆုတ်ခွာပေးခဲ့ရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

မန္တလေး‌‌တိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကရွာတန်းကျေးရွာကို စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်ခဲ့တာမို့ လူငယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို မေလ ၂ရက် ညနေပိုင်းတွင် စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

Facebook