close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

သူသေဆုံးသွားပြီဖြစ်ကြောင်း သတင်းမှားတွေကို ထိုင်းစစ်နယ်မြေမှူး ငြင်းဆို

သူသေဆုံးသွားပြီဆိုတဲ့ သတင်းတွေကို ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေး ကဏ္ဍတွေမှာ အဓိက ကြီးမှူး တာဝန်ယူနေသူ ထိုင်းစစ်နယ်မြေမှူးက ငြင်းဆိုခဲ့ပါတယ်။

Thai PBS

သူသေဆုံးသွားပြီဆိုတဲ့ သတင်းတွေကို ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေး ကဏ္ဍတွေမှာ အဓိက ကြီးမှူး တာဝန်ယူနေသူ ထိုင်းစစ်နယ်မြေမှူးက ငြင်းဆိုခဲ့ပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာတော့ ထိုင်းစစ်သားတွေက အမှတ် ၂ စစ်နယ်မြေ စစ်ဦးစီး အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်ဆင် ပက်ကလန်ရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ထားပြီး ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ ဆိုတာမျိုး ဆုတောင်းပေးထားတဲ့ ပို့စ်တွေ ပျံ့နှံ့လာခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်နေ့မှာတော့ ဘွန်ဆင်က သူဟာ ရှေ့တန်း စစ်မြေပြင်မှာ ဆက်လက် ကွပ်ကဲနေပြီး ကျန်းကျန်းမာမာ ရှိနေဆဲလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘွန်ဆင် တာဝန်ယူထားတဲ့ အမှတ် ၂ စစ်နယ်မြေထဲမှာတော့ ကမ္ဘောဒီးယားနဲ့ နယ်စပ်ထိစပ်နေရာ အစိတ်အပိုင်း အများစု အကျုံးဝင်နေပါတယ်။ လက်ရှိ နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခမှာလည်း ဘွန်ဆင်ရဲ့ လက်အောက်ခံ တပ်တွေက အဓိက တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

သူသေဆုံးသွားသလိုမျိုး လုပ်ကြံ ကောလာဟလတွေ ဖြန့်နေတာဟာ ထိုင်းစစ်သားတွေကို စိတ်ဓာတ်ရေးရာ ထိခိုက်စေဖို့ ကမ္ဘောဒီးယားဖက်က မဟုတ်မမှန် ဝါဒဖြန့်တာ သက်သက်သာ ဖြစ်တယ်လို့ ဘွန်ဆင်က စွပ်စွဲခဲ့ပါတယ်။ သတင်းတုတွေကို မယုံကြဖို့ ဘွန်ဆင်က ထိုင်းစစ်သားတွေကို တိုက်တွန်းခဲ့ပြီး သူဟာ ငယ်သားတွေနဲ့အတူ ရင်ဘောင်တန်း တိုက်ခိုက်ရင်း ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်နေဦးမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားဖက်က လုပ်ကြံဝါဒဖြန့်မှုတွေက လူမှုကွန်ရက်ပေါ်မှာ ထူထူထပ်ထပ် ဖြစ်ပေါ်နေတာကြောင့် ယုံကြည် စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေဆီက ကြေညာချက်တွေကိုသာ နားထောင်ဖို့လည်း ဘွန်ဆင်က လူထုကို အကြံပြုထားပါတယ်။

ဇူလိုင် ၂၄ ရက်နေ့မှာ စတင်လာတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ရေး ပဋိပက္ခတွေအတွင်း နှစ်ဖက်စလုံးက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ သတင်းတု ဖြန့်ဝေတာတွေ၊ ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံအတုတွေ မျှဝေတာတွေ အများအပြား ရှိခဲ့ကြပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

လက်ရှိမှာ စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေတဲ့ ထိုင်းနဲ့ မလေးရှားရဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မလေးရှားမှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ပုံမှန် စီစဉ်ကျင်းပနေကျ မွေးနေ့ အခမ်းအနား ပွဲလမ်းသဘင် အားလုံးကို ဖျက်သိမ်းဖို့ ထိုင်းဘုရင်က ညွှန်ကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေမှု စတုတ္ထနေ့အဖြစ် ကမ္ဘာဒီးယားနဲ့ ဆက်လက် တိုက်ခိုက်နေရာမှာ ထိုင်းစစ်တပ်ဟာ တင့်ကားတွေ၊ တိုက်လေယာဉ်တွေကို စစ်ဆင်ရေးအတွက် အသုံးပြုနေကြောင်း သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ကြားဝင် စေ့စပ်ပေးလိုကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကမ်းလှမ်းမှုကို ထိုင်းရော၊ ကမ္ဘောဒီးယားကပါ ကျေးဇူးတင်စကား ဆိုခဲ့ကြပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

Facebook